Thursday, September 09, 2010
   
Text Size

Site Search

CHECK BOX ကို လေ့လာကြရအောင်

 

ဒီတစ်ခါလေ့လာရမယ့် Control လေးကတော့ Check Box ပါ။ Check Box ဆိုတဲ့ သဘောကတော့ Yes (သို့) No Userရဲ့ အကြိုက်ကို ရွေးခိုင်းဖို့အတွက်သုံးတဲ့ မရှိမဖြစ် လူသိများတဲ့ Control လေးတစ်ခုပါပဲ။

 

ဆက်ပြီး လေ့လာကြည့်ရအောင်ပါ။

ကွင်းကလေးပြထားတဲ့နေရာကနေ Interface ထဲကို ဆွဲယူရမှာ ဖြစ်ပါတယ်။

အဲဒီ Check Box လေးရဲ့ နာမည်ကို တော့ Approval checkout လို့ ပေးလိုက်ကြ ရအောင်ပါ။

ဒီနေရာမှာ တစ်ခုထပ်ဖြည့်ပြီး ပြော ချင်တာက Form စတက်လာကတည်းက အဲဒီ Check Box ကလေးကို Select လုပ်ပြီး သားလေး ဖြစ်ချင်တယ်ဆိုရင် Property Window ရဲ့ ID Field ရဲ့အောက်မှာ Checked ဆိုတဲ့ Field လေးတစ်ခု ရှိပါသေးတယ်။

အဲဒီမှာ True ပေးထားလိုက်ရုံပါပဲ နော်။ စမ်းကြည့်လို့ ရပါတယ်။

Check Box ကလေးရဲ့ ဘေးမှာတော့ Required Approval ဆိုတဲ့ စာသားလေးပေါ်ချင်တယ် ဆိုကြပါစို့။ ကဲ ...နောက်တစ်ခါ Run ကြည့်ရအောင်။

ဒီတစ်ကြိမ်မှာတော့ Name ကိုလည်း ရိုက်လို့ရပါပြီ၊ Status ကိုလည်း ရွေးကြည့်လို့ ရပါပြီ။

Department ကိုလည်း ကြိုက်တာပေးလို့ရပါပြီ။ Check Box ကလေးကိုလည်း စမ်းပြီးနှိပ်ကြည့်လို့ရပြီပေါ့။

ကဲနောက် Control လေးတစ်ခုဆက်သွားကြည့်ရအောင်ပါ။

နောက်တစ်ခုကတော့ Hyperlink Control ပဲ ဖြစ်ပါတယ်။

ကဲ InterFace ထဲ ထည့်ကြည့်ကြရအောင်ပါ။

HyperLink ဆိုတဲ့ သဘောကတော့ အခု လက်ရှိရောက်နေတဲ့ စာမျက်နှာကနေ နောက် ကိုယ်လိုရာကို သွားစေချင်တဲ့ စာမျက်နှာမျိုးကို ညွန်းပေးနိုင်တဲ့အရာမျိုးပါ။

တစ်နည်းအားဖြင့် Page တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးနိုင်တဲ့ Control လေးတစ်ခုပါ။

 

Hyperlink ကို သုံးခြင်းအားဖြင့် မိမိရဲ့ Web စာမျက်နှာဟာ အသေဖစ်မနေတော့ဘဲ ဟိုဘက်ကူးဒီဘက်ကူးလို့ ရတဲ့ အရှင် ဖြစ်နိုင်တာပေါ့။ စမ်းကြည့်ကြရအောင်ပါ။

 ဆွဲယူထားတဲ့ Hyperlink လေးကို User ကိုတော့ More Informations ဆိုတဲ့ စာသားလေးပြကြမယ်လေ။

Property Window ရဲ့ NavigateURL ဆိုတဲ့ Field လေးရှိပါမယ်။ အဲဒီမှာ HyperLink ကို နှိပ်ရင် သွားရမယ့် စာမျက်နှာကို ညွန်းပေးရပါ့မယ်၊ စမ်းကြည့်ရအောင်ပါ။ မစမ်းကြည့်ခင် တစ်ခုပြောချင် တာက ပုံမှာပြထားတဲ့ Browser လေးကို တွေ့ရပါမယ်။

 

ရည်ရွယ်ချက်ကတော့ ကိုယ်ညွန်းချင်တဲ့ Page ဟာ Internet ပေါ်က Page မဟုတ်ဘဲ Local ထဲကပဲ ရေးထားတဲ့ Page ဖြစ်တယ်ဆိုရင် Browser လေးကို နှိပ်လိုက်ပြီး ရွေးပေး လိုက်ရုံပါ။ Browser ကို နှိပ်လိုက်ရင် အထက်မှာ ဖော်ပြတဲ့ပုံလေး မြင်ရမှာပါ။ အဲဒီမှာ Local Web Page ကို ရွေးပေးနိုင်ပါတယ်။ တကယ်လို့များ Internet က Page တစ်ခုခုကို ညွန်းချင် တယ်ဆိုရင်တော့ NavigateURL ဆိုတဲ့ Field လေးရဲ့ ဘေးကအကွက်မှာ Web Page ရဲ့ Address ကို ရိုက်ထည့်ပေးလိုက်ရုံပါပဲ။

ကဲစမ်းကြည့်ကြမယ်နော်။ ညွန်းချင်တဲ့ Page က Google ဆိုကြပါစို့။ နောက်ထပ် Button လေးတစ်ခု ထည့်ကြည့်ကြရအောင်။ Ok ဆိုကြပါစို့။ Ok Button လေးရဲ့ ဘေးမှာ Label တစ်ခုလည်း ထပ်ပြီးယူချင်ပါသေးတယ်။ Success ဆိုကြပါစို့နော်။

နောက်ထပ် Validation စစ်ဖို့ Control လေးတစ်ခု ယူကြရအောင်ပါ။

Validation စစ်တယ်ဆိုတာကတော့ User အနေနဲ့ မထည့်မနေရ Filed မျိုးလေးတွေကို System က စစ်ပေးနိုင်တဲ့ Control မျိုးလေးပါ။ မထည့်မနေရ Field နေရာ လေးမှာ တကယ်လို့များ မထည့်မိရင် Alert ပြပေးနိုင်တာ မျိုးပေါ့။

အဲဒီ Control ကတော့ Validation ရဲ့ အောက်မှာရှိတဲ့ RequiredFieldValidator ပါပဲ။ ဆွဲယူပြီးတော့ Name ရဲ့ ဘေးမှာ ထားကြည့်ရအောင်ပါ။

NameRequiredField လို့ နာမည်ပေးပါမယ်။

Career

Knowledge Bridge Magazine တွင်တာဝန်ထမ်းဆောင်ရန် ကွန်ပြူတာစာစီ (ကျား/ မ) တစ်ဦးနှင့် ဖြန့်ချီရေး (ကျား/မ) တစ်ဦးအလိုရှိသည်။

Copyright Policy & Declaration

Website တွင် ဖော်ပြထားသော သတင်းအချက်အလက်များသည် Knowledge Bridge Magazine တွင် ထည့်သွင်းဖော်ပြထားသော အချက်အလက်များ ဖြစ်သည်။

Online Website များ Blog များတွင် အသုံးပြုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ပြီး Printing Media (Offline Media) များတွင်ထည့်သွင်း အသုံးပြုလိုပါက ကာယကံရှင်(စာရေးဆရာ) ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပါသည်။

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday10
mod_vvisit_counterYesterday174
mod_vvisit_counterThis week611
mod_vvisit_counterLast week1391
mod_vvisit_counterThis month1582
mod_vvisit_counterLast month5626
mod_vvisit_counterAll days53452

Online (20 minutes ago): 4
Your IP: 38.107.191.96
,
Today: Sep 09, 2010

Login Form