Windows Software တွေ Ubuntu မှာ သုံးဖို့ အတွက် Wine

Linux တွေထဲက OS သုံးမယ်ဆိုရင် Windows လက်ရှိအသုံးပြုသူအတွက် အဆင်ပြေပြေ သုံးနိုင်တာ ကတော့ Ubuntu Distro ပါပဲ။ Windows ရဲ့ လုပ်ဆောင် ချက် တော်တော်များများကို Ubuntu မှာ အသုံးပြုနိုင် ပါတယ်။
Windows မှာ သီးသန့်သွင်းယူရတဲ့ Microsoft Office လိုမျိုး Open Office, Photoshop လိုမျိုး Gimp, Gtalk/Yahoo Messenger/MSN တွေသုံးဖို့ Empathy, Nero လို အခွေတွေကူးဖို့ Brasero စတာတွေကို Ubuntu CD နဲ့ Install လုပ်တာနဲ့ ပါလာပြီးသားပါပဲ။
၁၀ မိနစ် ၁၅ မိနစ် အချိန်ပေးပြီး Ubuntu တင် လိုက်ရင် Windows နဲ့ Ubuntu ကို Dual သုံးနိုင်ပြီ။ Windows ရဲ့ ဆော့ဖ်ဝဲတွေကို အသုံးပြုနိုင်ပေမဲ့ Gimp မသုံး ချင်ဘူး၊ Photoshop ပဲ သုံးချင်တယ်။ Scribs မသုံးချင်ဘူး၊ Pagemaker ပဲ သုံးချင်တယ်ဆိုတဲ့ လူတွေက ရှိနေသေး တယ်လေ။
Ubuntu Game တွေမှာ 3D ရော 2D ပါအစုံရှိပေမဲ့ Windows ရဲ့ Game တွေကိုပါ ကစားချင်တဲ့ လူတွေလည်း ကျန်နေသေးတာကိုး။ အဲဒီအတွက် Wine ဆိုတဲ့ Software ကို အသုံးပြုပြီး Windows မှာသုံးတဲ့ Software တွေကို Ubuntu မှာ အသုံးပြုနိုင်ပါတယ်။ Windows မှာ ရှိသမျှ Software အကုန်လုံးကို မဆိုလိုပါဘူး။ Photoshop, Page Maker လို လူကြိုက်များတဲ့ Software တွေနဲ့ World of Warcraft , Half-life 2 Call of Duty , The Sim3 စတဲ့ Windows Game တွေ စုစုပေါင်း တစ် သောင်းသုံးထောင်ကျော် အသုံးပြုနိုင်ပါတယ်လို့ သူ့ Website မှာ ဖော်ပြထားပါတယ်။
ကဲ ... ဒီတော့ Ubuntu သုံးနေရာက Pagemaker သုံးဖို့ Restart ချပြီး Windows ပြန်သုံးနေရတာ အလုပ်ရှုပ်ပါတယ်။ Ubuntu မှာပဲ Pagemaker တင်ထား လိုက်ရအောင်။
ပထမဆုံး Wine Installer ကို အသုံးပြုရင် လွယ်ကူ စေဖို့ Ubuntu Tweak ကို Install လုပ်ထားပါမယ်။ www.ubuntu.tweak.com မှာ မိမိ Ubuntu နဲ့ ကိုက်ညီတဲ့ Download အခမဲ့ ရယူနိုင်ပါတယ်။ ဖိုင်ဆိုက် သးသေးလေး ဖြစ်တာကြောင့် ခဏလေးပဲ စောင့်ရပါတယ်။ Download ဆိုတဲ့ Folder ထဲမှာ Ubuntu tweak Install ကို တွေရပါ မယ်။ အဲဒီ deb ဖိုင်လေးကို Install လုပ်ပါ။ Password တောင်းခဲ့ရင် လက်ရှိသုံးနေတဲ့ Account ရဲ့ password ရိုက်ထည့်ပေး ရပါမယ်။ Install လုပ်ငန်းစဉ် ပြီးဆုံးရင်တော့ Application အောက်က System Tools ဆိုတဲ့ အထဲမှာ Ubuntu tweak ကို မြင်ရပါပြီ။
Ubuntu tweak ကို Click လိုက်ပါ။ ပေါ်လာတဲ့ Welcome Screen အောက်မှာ Application Center ရှိပါ တယ်။ အဲဒီထဲကမှာ Wine ကို Click လိုက်ရုံပါပဲ။ အဲဒါဆို Wine ကို Install လုပ်ပြီး သွားပါပြီ။
တကယ်လို့ Ubuntu 9.10 ကို သုံးနေတာဆိုရင် တော့ Ubuntu tweak မသုံးလည်း Ubuntu Software Cent ရှိပါတယ်။ (Application Menu ရဲ့အောက်မှာ) Software Center တွေ့ရင် install လုပ်ရုံပါပဲ။ ပြီးရင် Application Menu အောက်က Wine ကို ကြည့်လိုက်ပါ။ Windows တွေ Programs တွေကို တွေ့မြင်ရပါမယ်။

ကဲ ... ubuntu မှာ Pagemaker စတင်ပါတော့ မယ်။ ပထမဆုံး Pagemaker Software Setup ဖိုင်ကို Right Click အောက်က Open with Wine Program Loader Double Click နဲ့ install လုပ်ကြည့်ပါ။ Window မှာလိုပဲ။ Setup အဆင့်တွေကို ဖြတ်ကျော်ပြီးရင် Page maker ကို အသုံးပြုနိုင်ပါပြီ။
Application အောက်က Other ထဲမှာ Pagemaker ကို အသုံးပြုလို့ ရပါပြီ။ Windows ကို ပြောင်းလိုက် Unbuntu ပြောင်းလိုက်နဲ့ Restart တွေ ချလိုက် အလုပ် တွေ ရှုပ်စရာ မလိုတော့ပါ။ အခြားဆော့ဖ်ဝဲတွေကိုလည်း ဒီပုံစံအတိုင်း Install လုပ်ယူနိုင်ပါတယ်။ မေတ္တာလက် ဆောင် CD ထဲမှာ Wine နဲ့ Ubuntu-Tweak ကို Offline အနေနဲ့ ထည့်ထားပေးပါတယ်။
Career
Copyright Policy & Declaration
Website တွင် ဖော်ပြထားသော သတင်းအချက်အလက်များသည် Knowledge Bridge Magazine တွင် ထည့်သွင်းဖော်ပြထားသော အချက်အလက်များ ဖြစ်သည်။
Online Website များ Blog များတွင် အသုံးပြုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ပြီး Printing Media (Offline Media) များတွင်ထည့်သွင်း အသုံးပြုလိုပါက ကာယကံရှင်(စာရေးဆရာ) ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပါသည်။
Visitors Counter






![]() | Today | 182 |
![]() | Yesterday | 188 |
![]() | This week | 182 |
![]() | Last week | 1354 |
![]() | This month | 939 |
![]() | Last month | 5626 |
![]() | All days | 52809 |
Your IP: 38.107.191.95
,
Today: Sep 05, 2010






