boot.exe Virus ကို ဘယ်လိုသတ်မလဲ
Anti Virus တော်တော်များများကတော့ ဒီ Virus ကို သိကြပါတယ်။ ဒါပေမယ့် Anti Virus ကို လေးတယ်ဆိုပြီး မတင်ထားမိရင်တော့ Virus တော် တော်များများ ဒုက္ခပေးတာ ခံသွားရနိုင်ပါတယ်။ Virus တက်ပြီးမှ Anti Virus တင်ဖို့တို့ Anti Virus ကို လိုက်ရှာဝယ်ရမှာတို့အတွက် အချိန်ကုန်ပြီး လူပင်ပန်း ပါတယ်။ အဲဒီတော့ boot Virus ကို Manual သတ် ရအောင်။
အဆင့်သုံးဆင့် ခွဲထားပါမယ်။
ပထမဆုံး Boot.exe တွေကို လိုက်ရှာပြီး ဖျက်ပစ်ပါမယ်။
ပြီးရင် Process မှာ Kill ပါမယ်။
Process မှာ Kill ပြီးရင် ကျန်နေသေးတဲ့ Boot.exe Virus ဖိုင်တွေရှာပြီး ဖျက်ပစ်ပါမယ်။
CCleaner နဲ့ Registry ကို Clean လုပ်ပါမယ်။
အဆင့် ၁ အတွက် Hidden File တွေ ပျောက် နေရင် ပြန်ဖော်ပေးနိုင်တဲ့ RRT ကို အဆင်ပြေရင် အသုံး ပြုပေးပါ။
Start Menu က Search ဒါမှမဟုတ် My Computer မှာ Ctrl+F ကိုနှိပ်ပါ။
ပုံ ၁
ညာဘက်က Search Companion ကိုနှိပ်ပါ။
ပုံ ၂
All File and Folder ကို ရွေးပါ။
ပုံ ၃
All or part of the file name : နေရာမှာ boot.exe ကို ရိုက်ထည့်ပါ။
ပုံ ၎
Look in : မှာ My Computer သို့မဟုတ် ရှိတဲ့ Drive တွေကို ညွှန်းပေးပါ။
ပုံ ၅
More Advanced Option : Type of file: မှာ all file and folder ပဲထားပါ။ အောက်ဆုံးက Search Tape Backup ကလွဲရင် အကုန်အမှန်ချစ်ပေးပါ။
ပုံ ၆
စက်မှာ ထည့်ထားတဲ့ Data အနည်းအများအလိုက် အချိန်ကြာပါလိမ့်မယ်။ ပြီးရင် တွေ့တဲ့ boot.exe ဆိုတဲ့ Virus တွေကို အကုန် Delete လုပ်လိုက်ပါ။
ဆက်ပြီး Process မှာ Kill ရအောင်။ CD ထဲမှာပါတဲ့ Process Explorer နဲ့ Kill ရင်တော့ ပိုလွယ်ကူပါတယ်။

ပုံမှန်ကတော့ Taskmgr ဆိုပြီး Run Box (Start-->
Run--> taskmgr) ဒါမှမဟုတ် Ctrl+Alt+Del နှိပ်ပြီးဖြစ်စေ Ctrl + Shift + Esc ကိုနှိပ်ပြီးဖြစ်စေ Task Manager ကို ခေါ်ပြီး boot.exe ကို Kill Process လုပ်လိုက်ရင် ရပါတယ်။

ဒါပေမယ့် တချို့ Virus ကတော့ Taskmanager ကိုပါ ပိတ်လိုက်တဲ့အတွက် ခေါ်လို့မရတော့ပါဘူး။ အဲဒီအခါ မျိုးမှာ RRT အသုံးပြုပြီး TaskManager ပြန်ခေါ်တာပဲဖြစ်စေ Process Explorer နဲ့ Virus ကို Kill တာပဲဖြစ်ဖြစ် သုံးနိုင်ပါ တယ်။ အဲဒီ နှစ်မျိုးလုံးလဲ အဆင်မပြေသေးရင်တော့ CMD ကနေ Kill ပါမယ်။ Run ကနေ CMD ဆိုပြီး ရိုက်လိုက်ပါ။
CMD မှာ Tasklist ဆိုပြီး ရိုက်လိုက်ပါ။ လက်ရှိ အလုပ်လုပ်နေတဲ့ Process list ကို ပြပါလိမ့်မယ်။ ပြီးရင် taskkill /im boot.exe /f ဆိုပြီး ရိုက်လိုက်ပါ။ boot.exe ကို kill နိုင်ရင် success ပေါ်လာပါလိမ့်မယ်။
Boot.exe ကို နောက်တခါ ထပ် Find ပြီး Delete လုပ်ပါ။ ပြီးရင် CCleaner နဲ့ Registry တွေ temp တွေကို ဖျက်လိုက်ပါ။ အရမ်းလွယ်ပါတယ်။ အခမဲ့ ပေးထားတာ ဖြစ်တဲ့အတွက် Download လုပ်ယူနိုင်ပါတယ်။
ဒါဆိုရင် boot.exe ကို ကိုယ်တိုင် Manual ရှင်းပြီး သွားပါပြီ။ အချို့ Virus တွေကိုတော့ ဒီပုံစံအတိုင်း ရှင်းလို့ရမှာ မဟုတ်ပါဘူး။ နည်းနည်းလွယ်ကူတဲ့ Virus လောက်ပဲ ရှင်းနိုင်မှာပါ။ ဒီဆောင်းပါးမှာ ပါဝင်တဲ့ Process explorer, RRT နဲ့ CCleaner မှာ ထည့်ပေးထားပါတယ်။
Career
Copyright Policy & Declaration
Website တွင် ဖော်ပြထားသော သတင်းအချက်အလက်များသည် Knowledge Bridge Magazine တွင် ထည့်သွင်းဖော်ပြထားသော အချက်အလက်များ ဖြစ်သည်။
Online Website များ Blog များတွင် အသုံးပြုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ပြီး Printing Media (Offline Media) များတွင်ထည့်သွင်း အသုံးပြုလိုပါက ကာယကံရှင်(စာရေးဆရာ) ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပါသည်။
Visitors Counter






![]() | Today | 156 |
![]() | Yesterday | 188 |
![]() | This week | 156 |
![]() | Last week | 1354 |
![]() | This month | 913 |
![]() | Last month | 5626 |
![]() | All days | 52783 |
Your IP: 38.107.191.96
,
Today: Sep 05, 2010






