BAK Shopping Center ပထမထပ်တွင် IT Zone အဖြစ် ပြောင်းလဲမည်
အိုလံပစ်တာဝါ ပထမထပ်ရှိ BAK shopping center ကို IT Zone အဖြစ် ပြောင်းလဲ ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် ဇွန်လ(၁)ရက်နေ့မှ စတင်ပြီး ဆိုင်ခန်း များကို ဦးရာလူစနစ်ဖြင့် ငှားမည်ဖြစ်ကြောင်း တာဝန်ခံတစ်ဦးမှ ပြောကြားခဲ့ ပါသည်။ ပြောင်းလဲတိုးတက်လာသော ခေတ်၏ လိုအပ်ချက်အရ တစ်နေရာထဲ တွင် IT ပစ္စည်းစုံကို အရည်အသွေး ကောင်းမွန်စွာနှင့် ဈေးနှုန်းမှန်ကန်စွာဖြင့် ၀ယ်ယူရရှိနိုင်ရန် ရည်ရွယ်လျက် အိုလံပစ်တာဝါ ပထမထပ်ရှိဆိုင်ခန်းများ အားလုံးနီးပါးကို IT နှင့် ပတ်သတ်သည့် ဆိုင်ခန်းများအဖြစ် ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ရာ အိုင်တီဝါသနာရှင်များနှင့် လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်ပါသည်။ ထိုပထမ ထပ်တွင် Promotion Area ထားရှိပေးမည်ဖြစ်ပြီး ၊ New products များ မိတ်ဆက်ခြင်း၊ IT seminar များ ဆောင်ရွက်ခြင်း၊ Wi-Fi ပေးခြင်းများကို အခမဲ့ ၀န်ဆောင်မှုပေးမည်ဟု သိရှိရပါသည်။ ဆိုင်ခန်းနေရာနှင့် ဈေးနှုန်းများကို အသေးစိပ် သိရှိလိုပါက ကိုညီညီထွေး ဖုန်း-095164348(
This e-mail address is being protected from spambots. You need JavaScript enabled to view it
)နှင့် BAK Shopping Center X-net Internet Café အမှတ် (104/105) ၊ မဟာဗန္ဒုလလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်၊ အိုလံပစ်တာဝါ (ပ-ထပ်)၊ ရန်ကုန်။ ဖုန်း-392868၊ 392867၊ 256720 ext (102-204)တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
Career
Copyright Policy & Declaration
Website တွင် ဖော်ပြထားသော သတင်းအချက်အလက်များသည် Knowledge Bridge Magazine တွင် ထည့်သွင်းဖော်ပြထားသော အချက်အလက်များ ဖြစ်သည်။
Online Website များ Blog များတွင် အသုံးပြုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ပြီး Printing Media (Offline Media) များတွင်ထည့်သွင်း အသုံးပြုလိုပါက ကာယကံရှင်(စာရေးဆရာ) ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပါသည်။
Visitors Counter






![]() | Today | 182 |
![]() | Yesterday | 188 |
![]() | This week | 182 |
![]() | Last week | 1354 |
![]() | This month | 939 |
![]() | Last month | 5626 |
![]() | All days | 52809 |
Your IP: 38.107.191.97
,
Today: Sep 05, 2010






