Ubuntu User Day ကျင်းပခဲ့
Open Source ဖြစ်တဲ့ Ubuntu ဟာ Version 10.04 ကို မကြာသေးခင်က ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။ Ubuntu ကို မြန်မာနိုင်ငံမှာ တစိုက်မတ်မတ် မိတ်ဆက်ပေးနေတဲ့ ဆရာ ကိုကိုရဲ (knowledge bridge) က ယခုတဖန် Ubuntu User Day ကို Bo aung kyaw (BAK) shopping center ပထမမှာ ၉-၅-၂၀၁၀ (တနင်္ဂနွေနေ့)က ပြုလုပ်ခဲ့ပါတယ်။ ထိုပွဲတွင် မနက် ၁၀း၀၀ နာရီမှ ညနေ ၅း၀၀နာရီထိ Ubuntu 10.04 အကြောင်းကို ရှင်းလင်းပြောပြ ခဲ့ပြီး Ubuntu 10.04 ခွေများကိုြွကရောက်လာသော လူငယ်ပရိသတ်အား အခမဲ့ဖြန့်ဝေခဲ့ပါတယ်။ ထိုဆွေးနွေးပွဲကို Ubuntu စိတ်ဝင်စားသူ အမာခံလူငယ်ပရိတ်သတ်တော်တော်များသာ တက်ရောက်ခဲ့ပြီး Laptop များနှင့် လက်တွေ့ စမ်းသပ်အသုံးပြုခဲ့ကြပါတယ်။
ကိုကိုရဲဟာ ယခုနှစ်ပိုင်းမှာ ဆွေးနွေးပွဲလေးများကို မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ကျင်းပခဲ့ပါတယ်။ တောင်ကြီးပွဲ၊ မူဆယ်ပွဲနှင့် အခြားပွဲငယ်များကို ဆွေးနွေးပြုလုပ်ခဲ့ပါတယ်။ အခကြေးငွေပေးရသော Microsoft နေရာတွင် လွတ်လပ်၍ အခမဲ့ရသော Linux OS များကို အစားထိုးသုံးစွဲခြင်းဖြင့် တရားမ၀င် ခိုးယူအသုံးပြုခြင်း၊ တရားစွဲခံရခြင်းမှ ရှောင်နိုင်မည် ဖြစ်ပါတယ်။
Career
Copyright Policy & Declaration
Website တွင် ဖော်ပြထားသော သတင်းအချက်အလက်များသည် Knowledge Bridge Magazine တွင် ထည့်သွင်းဖော်ပြထားသော အချက်အလက်များ ဖြစ်သည်။
Online Website များ Blog များတွင် အသုံးပြုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ပြီး Printing Media (Offline Media) များတွင်ထည့်သွင်း အသုံးပြုလိုပါက ကာယကံရှင်(စာရေးဆရာ) ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပါသည်။
Visitors Counter






![]() | Today | 168 |
![]() | Yesterday | 188 |
![]() | This week | 168 |
![]() | Last week | 1354 |
![]() | This month | 925 |
![]() | Last month | 5626 |
![]() | All days | 52795 |
Your IP: 38.107.191.99
,
Today: Sep 05, 2010






