iPad နိုင်ငံတကာသို့  ရောင်းချမှု ခေတ္တဆိုင်းငံ့မည့် Apple
iPad ဟု ခေါ်ဆိုကြသော လက်ဖြင့် ထိတွေ့လုပ်ဆောင်နိုင်သည့် ကွန်ပျူတာပြား (touchscreen tablet computer) အား နိုင်ငံတကာသို့ ရောင်းချမှုတွင် တစ်လခန့် ခေတ္တဆိုင်းငံ့မည်ဟု Apple မှ ဆိုပါသည်။ iPad အား ကမ္ဘာအနှံ့ ရောင်းချမှုပြုရာတွင် ပထမဆုံးနေ့မှာပင် ယူအက်စ်၌ အလုံးပေါင်း (၃၀၀,၀၀၀) ရောင်းချခဲ့ရပြီး၊ ရောင်းချ သည့် ပထမအပတ်အတွင်း အလုံးပေါင်း (၅၀၀,၀၀၀) ခန့် ထုတ်လုပ်ခဲ့ရသည်ဟု Apple မှ ကြေငြာပါသည်။ မျှော်မှန်းထားသည်ထက် ၀ယ်လိုအားမှာ ပိုမိုမြင့်မားပြီး ရောင်းအားထက် ၀ယ်လိုအားက ဆက်လက်မြင့်မားနေမည် ဖြစ်ကြောင်း Apple မှ ဆိုပါသည်။ ပထမဆုံး iPad Model ၏ ဈေးနှုန်းမှာ ဒေါ်လာ (၄၉၉) ဖြစ်ပြီး Wifi ပါဝင်ပါသည်။ ဧပြီ (၃)ရက်မှစ၍ iPad ရောင်းချပြီး မကြာမီတွင် ယူအက်စ်မှ ၀ယ်ယူသူတော်တော်များများက ကွန်ရက် ဆက်သွယ်မှု ပြဿနာရှိနေဆဲဟု ပြောဆိုနေကြပါသည်။ ထုတ်လုပ်မှုအပိုင်း သို့မဟုတ် ပစ္စည်း၏ အစိတ်အပိုင်း ပြဿနာဖြစ်ကောင်းဖြစ်နိုင်သည်ဟု Forrester Research ကုမ္ပဏီမှဆိုပြီး၊ ၀ယ်လိုအားကို ကြိုတင်မခန့်မှန်းနိုင်သည်က အဓိကပင်ဖြစ်ကြောင်း သုံးသပ်ပါသည်။ iPad သည် ပစ္စည်းအမျိုးအစားသစ်ဖြစ်သည့်အတွက် Apple အနေဖြင့် ဈေးကွက်ကို အတိအကျ ကြိုတင်ခန့်မှန်းရသည်မှာ အခက်အခဲရှိလိမ့်မည်ဖြစ်ကြောင်း ဝေဖန်ဆန်းစစ်သူများက ဆိုပါသည်။
Career
Copyright Policy & Declaration
Website တွင် ဖော်ပြထားသော သတင်းအချက်အလက်များသည် Knowledge Bridge Magazine တွင် ထည့်သွင်းဖော်ပြထားသော အချက်အလက်များ ဖြစ်သည်။
Online Website များ Blog များတွင် အသုံးပြုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ပြီး Printing Media (Offline Media) များတွင်ထည့်သွင်း အသုံးပြုလိုပါက ကာယကံရှင်(စာရေးဆရာ) ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပါသည်။
Visitors Counter






![]() | Today | 14 |
![]() | Yesterday | 174 |
![]() | This week | 615 |
![]() | Last week | 1391 |
![]() | This month | 1586 |
![]() | Last month | 5626 |
![]() | All days | 53456 |
Your IP: 38.107.191.98
,
Today: Sep 09, 2010






