၂၀၁၁ ခုနှစ်တွင် Floppy Disks ရောင်းချမှုကို ရပ်နားတော့မည် ဆိုနီ
ဂျပန်နိုင်ငံတွင် အချက်အလက်များကို သိုလှောင်သိမ်းဆည်းသယ်ယူသွားနိုင် သည့် Floppy Disk ကို နှစ်ပေါင်း (၃၀)တိုင်တိုင် ရောင်းချလာခဲ့သော ဆိုနီ (Sony) ကုမ္ပဏီသည် ၄င်း၏ Floppy Disk ရောင်းချမှုကို ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းတော့မည်ဟု ကြေညာလိုက်ပါသည်။ အခြားသော Storage ပစ္စည်းများနှင့် မယှဉ်ပြိုင်နိုင်လာခြင်းနှင့် ၀ယ်လို အား ကျဆင်းမှုတို့ကြောင့် နိုင်ငံတကာ ဈေးကွက်တော်တော်များများတွင် Floppy Disk ရောင်းချမှုကို ယခုနှစ် အစောပိုင်းကတည်းက ရပ်နားလိုက်ပြီးဖြစ်သည်။
၁၉၉၈ ခုနှစ် Apple ကုမ္ပဏီမှ ၄င်း၏ G3 iMac ကွန်ပျူတာတွင် Floppy drive ထည့်သွင်းခြင်းကို ဖယ်ရှားရန် ဆုံးဖြတ်လိုက်သည့်အချိန်မှစ၍ Floppy ခေါ် Diskette ၏ ကျဆုံးခန်း စတင်လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ကွန်ပျူတာ စူပါ Dell အပါအ၀င် အခြားသော ကုမ္ပဏီအများအပြားသည် ၄င်းတို့၏ ကွန်ပျူတာတွင် Floppy Disk ထည့်သွင်းခြင်းကို ရပ်ဆိုင်းခဲ့ကြသည်။ သို့ပါသော်လည်း ဆိုနီသည် Floppy disk ကို သန်းပေါင်းများစွာ ထုတ်လုပ် ရောင်းချနေခဲ့ပါသည်။ အွန်လိုင်းသိမ်းဆည်းမှုများနှင့် ပိုမိုသေးငယ်ပေါ့ပါးလာသည့် USB drives များကို မယှဉ်ပြိုင်နိုင် သည့် နောက်ဆုံးတွင် ၁၉၈၁ ခုနှစ်ကတည်းက ရောင်းချလာခဲ့သော အဆိုပါ Floppy disk များ ရပ်နားလိုက်ရခြင်း ဖြစ်သည်။ ပထမဦးဆုံးသော Floppy disk ကို IBM မှ ၁၉၇၁ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်ပါသည်။
Career
Copyright Policy & Declaration
Website တွင် ဖော်ပြထားသော သတင်းအချက်အလက်များသည် Knowledge Bridge Magazine တွင် ထည့်သွင်းဖော်ပြထားသော အချက်အလက်များ ဖြစ်သည်။
Online Website များ Blog များတွင် အသုံးပြုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ပြီး Printing Media (Offline Media) များတွင်ထည့်သွင်း အသုံးပြုလိုပါက ကာယကံရှင်(စာရေးဆရာ) ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပါသည်။
Visitors Counter






![]() | Today | 174 |
![]() | Yesterday | 188 |
![]() | This week | 174 |
![]() | Last week | 1354 |
![]() | This month | 931 |
![]() | Last month | 5626 |
![]() | All days | 52801 |
Your IP: 38.107.191.97
,
Today: Sep 05, 2010






