ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူရှာဖွေရန် ပြိုင်ပွဲများကျင်းပကာ ယူနိုက်တက်ကင်းဒမ်း
ကွန်ပျူတာနှင့် ကွန်ရက်များလုံခြုံမှုအတွက် ကျွမ်းကျင်ပါရမီရှင်များ ထွက်ပေါ်လာ ရန် ရည်ရွယ်ချက်ဖြင့် အမျိုးသားအဆင့်ပြိုင်ပွဲကို ယူကေနိုင်ငံတွင် ဧပြီလ (၂၇)ရက်မှ စတင်ကျင်းပခဲ့ပါသည်။ ခွဲခြမ်းစိတ်ဖြာနိုင်မှု၊ ဥပဒေ ကျွမ်းကျင်မှုနှင့် ပရိုဂရမ်မင်း နှံ့စပ်မှု စသည့် အရည်အချင်းများနှင့် ပြည့်စုံသည့် ပါရမီရှင်များ ရှာဖွေရန်၊ ၀က်ဘ်အခြေပြု ဂိမ်းများနှင့် စမ်းသပ်မှုများဖြစ်သော အဆိုပါပြိုင်ပွဲတွင် အသက်(၁၆)နှစ်အထက် မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ကွန်ပျူတာလုံခြုံရေး ကျွမ်းကျင်သူများစွာမရှိဘဲ၊ ယူကေနိုင်ငံသည် မြင့်မားလာသော ဆိုက်ဘာရာဇ၀တ်မှုများကို ထိန်းချုပ်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြပါသည်။ ``ကျွန်တော်တို့သည် ကွန်ရက်များ (networks) နှင့် ကွန်ပျူတာစနစ် (Computer System) ပေါ်တွင် အကြီးအကျယ် မှီခိုနေကြရပါသည်။ အဘယ့်ကြောင့်ဆိုသော ဒီဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးအားလုံးကို ၄င်း ကွန်ရက်နှင့်ကွန်ပျူတာစနစ်ပေါ်တွင် အခြေတည်ထားသောကြောင့်ပင် ဖြစ်ပါသည်´´ ဟု Cyber Security Challenge (CSC) မှ ဒါရိုက်တာဖြစ်သူ Judy Baker က ဆိုပါသည်။ ကွန်ပျူတာ လုံခြုံရေးကုမ္ပဏီအများအပြားသည် ကျွမ်းကျင် ပါရမီရှင် ရှားပါးမှုနှင့် ကြုံနေရသည်ဟု အဆိုပါပြိုင်ပွဲတွင် လုပ်ဆောင်ခဲ့သော စစ်တမ်းတစ်ခုက ဖော်ပြနေပါသည်။ ပြိုင်ပွဲတွင် အကောင်းဆုံး လုပ်ဆောင်နိုင်သူများကို ဆုချီးမြှင့်လိမ့်မည်ဖြစ်ပြီး၊ ၄င်းဆုတွင် ကျွမ်းကျင်သူများအား ပိုမိုတောက်ပြောင်စေမည့် ပညာသင်ဆုများ၊ သင်တန်းတက်ရောက်ခွင့်များပါ ပါရှိသည်။ အရည်အချင်းရှိသူများအတွက် အဆိုပါဆုများသည် အမှန်တကယ်လိုအပ်ပြီး၊ ၄င်းတို့သည် တိုင်ပြည်အား အကောင်းဆုံးစွမ်းဆောင်မှု ပြန်ပေး နိုင်လိမ့်မည်ဟု Ms Baker က မှတ်ချက်ပြုပါသည်။
Career
Knowledge Bridge Magazine တွင်တာဝန်ထမ်းဆောင်ရန် ကွန်ပြူတာစာစီ (ကျား/ မ) တစ်ဦးနှင့် ဖြန့်ချီရေး (ကျား/မ) တစ်ဦးအလိုရှိသည်။
Copyright Policy & Declaration
Website တွင် ဖော်ပြထားသော သတင်းအချက်အလက်များသည် Knowledge Bridge Magazine တွင် ထည့်သွင်းဖော်ပြထားသော အချက်အလက်များ ဖြစ်သည်။
Online Website များ Blog များတွင် အသုံးပြုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ပြီး Printing Media (Offline Media) များတွင်ထည့်သွင်း အသုံးပြုလိုပါက ကာယကံရှင်(စာရေးဆရာ) ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပါသည်။
Visitors Counter






![]() | Today | 160 |
![]() | Yesterday | 188 |
![]() | This week | 160 |
![]() | Last week | 1354 |
![]() | This month | 917 |
![]() | Last month | 5626 |
![]() | All days | 52787 |
Online (20 minutes ago): 6
Your IP: 38.107.191.99
,
Today: Sep 05, 2010
Your IP: 38.107.191.99
,
Today: Sep 05, 2010






