Sunday, September 05, 2010
   
Text Size

Site Search

စိတ်ကြည်နူးစရာပုံလေးများ ဖန်တီးခြင်း

အင်တာနက် သုံးလို့ရတဲ့နေရာမှာ အလွယ်တကူ ကိုယ့်ရဲ့ ပုံလေးတွေကို ပုံစံအမျိုးမျိုးပြောင်းလဲနိုင်တဲ့ website လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ လူတိုင်း လူတိုင်းက ကိုယ့်ရဲ့ပုံလေးတွေကို ပုံစံအမျိုးမျိုးပြောင်းပြီး ပုံအသစ်၊ မြင်ကွင်းအသစ်အနေနဲ့ ကြည့်ရှုခံစားရတာဟာ စိတ် ကြည်နူးဖို့ကောင်းသလို၊ ပျော်ရွှင်ကြည်နူးဖွယ်လည်း ကောင်းပါတယ်လို့ ထင်ကြပါတယ်။ နောက်ပြီးတော့ အင်တာနက်နဲ့ မသုံးဖူးတဲ့ မိသားစုဝင်တွေကို ပြ(ြွကား)တဲ့ အခါမှာလည်း အမြင်ဆန်းစေသလို၊ ကိုယ့်ရဲ့ အပျော်တွေ ကလည်း တစ်ခြားလူတွေဆီကို ပျံ့နှံ့သွားစေပါတယ်။

သိပြီးသား သူတွေအတွက်တော့ အထူးအဆန်း မဟုတ်ပေမယ့် မသိသေးတဲ့သူတွေအတွက် ပျော်ရွင်ဖွယ် ရာလေးတွေ ပေးချင်လို့ပါ။ နာမည်ကြီးသရုပ်ဆောင် တွေတောင် တင်ခွင့်မရတဲ့ အထပ်အမြင့်တိုက်ကြီးတွေရဲ့ နံရံြွေကပြားတွေမှာ ကိုယ့်ပုံကိုယ်တင်ခွင့်ရမှာပါ။ တကယ် လည်း အသက်ဝင်တယ်နော် ပုံတွေက။ မိန်းမလှလေး ဖတ်နေတဲ့ နာမည်ကြီးမဂ္ဂဇင်းအဖုံးမှာလည်း ကိုယ့်ပုံက စတိုင်ကျကျ ခန့်ခန့်ငြားငြားကြီးပါအောင် လုပ်လို့ရတယ်။  ကဲ ... ပြောနေတာကြာပါတယ်။ စမ်းသပ်ကြည့်ရ အောင်နော်။

အဲဒီလို ဓာတ်ပုံလေးတွေပြောင်းဖို့ ဘာတွေလိုအပ် သလဲဆိုတော့ အင်တာနက်ကွန်နက်ရှင် ကောင်းဖို့နဲ့ ကိုယ် အသုံးပြုမယ့်ပုံ ရှိဖို့ ဒါပါပဲ။

ပထမဆုံးအဆင့်အနေနဲ့ကိုယ်အသုံးပြုမယ့်ပုံလေး ကို ကိုယ့်ရဲ့ ကွန်ပျူတာ Desktop ပေါ်မှာ သွားထားလိုက် မယ်။ ဒီက လူတစ်ယောက်ရဲ့ passport photo တစ်ပုံကို ဥပမာအနေနဲ့ လုပ်ပြသွားပါမယ်။ ဒီပုံကိုပဲ ဘာမှ ပြင်စရာ မလိုဘဲ သူ့ပုံနဲ့ လုံးဝခြားနားသွားတဲ့ပုံစံနဲ့ လုပ်ကြည့်လို့ ရနိုင်ပါတယ်။

ပထမဆုံး ကိုယ်အသုံးပြုနေကျ browser ဖြစ်တဲ့ Morzilla Firefox ကို ဖွင့်လိုက်ပါ။ ပြီးရင် URL မှာ ပုံလေးတွေ စိတ်ကြိုက်ပြင်လို့ရတဲ့ Website တွေထဲက website တစ်ခု ဖြစ်တဲ့ www.photofunia.com လို့ ရိုက်ထည့်လိုက်ပါ။Home Page မှာကိုပဲ ပုံတွေ အစုံအလင်မြင်ရမှာပါ။ အဲဒီ ထဲက ကိုယ်ကြိုက်နှစ်သက်တဲ့ပုံကို ကိုယ့်စိတ်ကြိုက်ပုံ ထည့်ပြီး ပြောင်းလို့ရမှာ ဖြစ်ပါတယ်။

အခုတော့ ပင်လယ် ဓားမြပုံ (Pirate of the Carribbean)နဲ့ အစားထိုးပြီး လုပ်ကြည့်ရအောင်။

အဲဒီ ပုံလေးပေါ်ကို ကလစ်လိုက်ပါ။

ပုံလေးကို ကလစ်လိုက်ရင် select your photo ဆိုပြီးတော့ page တစ်ခု ကျလာပါလိမ့်မယ်။ အဲဒီမှာ အနီလေးနဲ့ ၀ိုင်းပြထားတဲ့ Browse ဆိုတဲ့ button ကို ကလစ်လိုက်ရင် File Upload ဆိုတဲ့ box တစ်ခု ကျလာ ပါလိမ့်မယ်။ အဲဒီနေရာကနေ ခဏနေက desktop ပေါ်မှာ တင်ထားတဲ့ ပုံကိုသွားရွေးပါမယ်။

ပြီးရင် Next button ကို ကလစ်လိုက်ပါ။ Next button ကို ကလစ်လိုက်ရင် please wait ဆိုပြီး ခဏ စောင့်နေရပါတယ်။ ခဏကြာလို့ loading အကုန်ရသွားပြီ ဆိုရင် Here we go! ဆိုတာလေးပေါ်လာရင် save ဆိုတာလေးမှာ ကလစ်လိုက်ပါ။ save ကို ကလစ်လိုက်ရင်save to disk နဲ့ Save as avatar ဆိုပြီး နှစ်ခု ပေါ်လာ ပါလိမ့်မယ်။ အဲဒီနေရာမှာ Save to disk ဆိုတာကို ရွေးလိုက်ပါ။ ရွေးလိုက်ရင်  download box လေးကျလာ ပါလိမ့်မယ်။ save file ဆိုတဲ့ check box မှာ check ပေးပြီး OK ဆိုတာကို ကလစ်လိုက်ပါ။

ပုံတစ်ပုံပြောင်းပြီးသွားပါပြီ။ download လုပ်လို့ auto save လုပ်တဲ့ နေရာကတော့ Desktop ပေါ်ပါပဲ။ Desktop ပေါ်မှာရှိတဲ့ PhotoFunia-3788c1.jpg ပုံလေးကို သွားဖွင့်ကြည့်လိုက်ရင် အချိုးအစားကျကျ ပုံစံဝင်နေတဲ့ Pirate of the Carribbean ပုံထဲမှာ ကိုယ့်ရဲ့ပုံလေး ၀င်သွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ အောက်က ပုံကတော့ passport photo ကို ထည့်လိုက်ပြီး နောက်ဆုံး ရရှိတဲ့ ပုံပဲ ဖြစ်ပါတယ်။ နောက်တစ်ခေါက်လောက် တခြားတစ်ပုံနဲ့ ထပ်စမ်းကြည့်ကြနော်။

အခု စမ်းပြသွားတာက www.photofunia.com ကနေဖြစ်ပါတယ်။ နောက်ပြီး ကိုယ်လုပ်ထားတဲ့ ပုံတွေကို ဓာတ်ပုံတွေ print out လုပ်သလိုပဲ print လုပ်လို့ ရပါသေး တယ်။ ပျော်ရွှင်ကြမယ်လို့ ထင်ပါတယ်။ နောက်ထပ် စမ်းကြည့်နိုင်ဖို့အတွက် အောက်မှာပေးထားတဲ့ website တွေမှာလည်း စမ်းသပ်အသုံးပြုကြည့်လို့ ရပါတယ်။

http://www.photofunia.com/

http://funphotobox.com/

http://www.photo505.com/

http://www.loonapix.com/  

http://www.magmypic.com/

http://www.writeonit.org/

http://funny.pho.to/

http://www.frontpageyou.co.uk/

http://www.deefunia.com/

http://funny.pho.to/

အင်တာနက်ပေါ်မှာ စိတ်ကြည်နူး ပျော်ရွှင်စရာ စမ်းသပ်ချက်တွေ အများကြီး ရှိပါတယ်။ နောက်လတွေမှာ လဲ ဒီထက်ဒီထက် စိတ်ဝင်စားဖို့ကောင်းတဲ့ လက်တွေ့ ပြုလုပ်ချက်လေးတွေ မျှဝေပေးပါဦးမယ်လို့ ...

Career

Knowledge Bridge Magazine တွင်တာဝန်ထမ်းဆောင်ရန် ကွန်ပြူတာစာစီ (ကျား/ မ) တစ်ဦးနှင့် ဖြန့်ချီရေး (ကျား/မ) တစ်ဦးအလိုရှိသည်။

Copyright Policy & Declaration

Website တွင် ဖော်ပြထားသော သတင်းအချက်အလက်များသည် Knowledge Bridge Magazine တွင် ထည့်သွင်းဖော်ပြထားသော အချက်အလက်များ ဖြစ်သည်။

Online Website များ Blog များတွင် အသုံးပြုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ပြီး Printing Media (Offline Media) များတွင်ထည့်သွင်း အသုံးပြုလိုပါက ကာယကံရှင်(စာရေးဆရာ) ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပါသည်။

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday169
mod_vvisit_counterYesterday188
mod_vvisit_counterThis week169
mod_vvisit_counterLast week1354
mod_vvisit_counterThis month926
mod_vvisit_counterLast month5626
mod_vvisit_counterAll days52796

Online (20 minutes ago): 8
Your IP: 38.107.191.96
,
Today: Sep 05, 2010

Login Form