Thursday, September 09, 2010
   
Text Size

Site Search

အင်တာနက်မရသည့်နေရာတွင် WikiMyanmar ကို Memory Stick ဖြင့်သုံးခြင်း

WikiMyanmar ကို မိမိ၏ Memory Stick တွင် ထည့်သွင်းထားပြီး အင်တာနက် အသုံးမပြုနိုင်သည့် နေရာများတွင် မည့်သည့်ကွန်ပျူတာဖြင့်ဖြစ်စေ အသုံးပြု နိုင်ပေသည်။ ထိုကဲ့သို့ အသုံးပြုနိုင်ရန်အတွက် နည်းလမ်း နှစ်သွယ်ရှိရာ Wikimyanmar တွင် အဆင်သင့်ရယူနိုင် သော လွယ်ကူအဆင်ပြေသော WOS Portable နည်းကို တင်ပြပေးပါမည်။

မှတ်ချက် - WOS သည် လွယ်ကူမြန်ဆန်သော် လည်း Microsoft Windows OS ဖြင့်သာ အသုံးပြု နိုင်မည် ဖြစ်ပါသည်။

 

Wiki_Thumbdrive.rar ကို Wikimyanmar.co.cc တွင် Download ရယူနိုင်ပြီး ဖိုင်ဆိုက်အနေဖြင့် 123 MB ရှိမည် ဖြစ်ပါသည်။ ၄င်းဖိုင်ကို အသုံးပြုနိုင်ရန်အတွက် RAR Format ကို သုံးနိုင်ရန် WinRAR, 7zip စသည့် Software များကိုအသုံးပြုရပါမည်။ Wiki_Thumbdrive.rar နှင့် WinRAR ကို မေတ္တာလက်ဆောင် ထည့်ပေးထား ပါသည်။

ပထမဆုံး WinRar ကို install ပြုလုပ်ထားရပါမည်။

Memory Stick ကို Computer တွင်တပ်ဆင်ပြီး အသုံးပြုရန် အဆင်သင့်ဖြစ်နေရပါမည်။

ထို WOS သည် php/MySql/Apache စသည်တို့ကို မည်သည့်နေရာမှမဆို အသုံးပြုနိုင်ရန် ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ ထို Services များအသုံးပြုနိုင်ရန်အတွက်ထပ်မံပြုပြင်ပေးရန် မလိုအပ်ပေ။ ထို Services များသည် ပထမဆုံးအကြိမ် အသုံးပြုစဉ်က Setting များအား မှတ်သားထားပြီး နောက်ပိုင်းအသုံးပြုရာတွင် Drive Letter (D: E: F:) စသည့် အချက်အလက်များသာ ပြောင်းလဲ အသုံးပြုနိုင်သည်ဖြစ်ရာ စတင်အသုံးပြုရာတွင် USB root ဟု ခေါ်ဆိုသော USB ထဲတွင် Folder မခံထားပဲ တိုက်ရိုက်ထည့်သွင်း အသုံးပြုနိုင်ပါသည်။ သို့မှသာ အခြား ကွန်ပျုတာများတွင် အသုံးပြုခြင်း အခြား USB များသို့ ကူးယူအသုံးပြုရာတွင်လည်းကောင်း အဆင်ပြေ လွယ်ကူစေမည်ဖြစ်ပါသည်။

Wiki_Thumbdrive.rar ကို WinRAR Software ဖြင့် Memory Stick ထဲသို့ ဖြေချလိုက်ပါမည်။

 

 

Wiki folder ထဲမှ mowes.exe ကို run လိုက်ပါ။

Browser တွင် http://localhost/start/ လိပ်စာဖြင့် ပေါ်လာပါမည်။

ထို့နောက် wikimyanmar ကို အင်တာနက်မရှိပဲ လွယ်ကူစွာ အသုံးပြုနိုင်ပြီဖြစ်ပါသည်။

Wiki Offline အား အသုံးပြုပြီးပါက Mowse Portable Server ကို Stop ပြုလုပ်ပေးပါ။ သို့မှသာ
Wiki Offline
 အား Memory Stick များတွင် ကူးယူ အသုံးပြုရန် အဆင်ပြေမည် ဖြစ်ပါသည်။ အခက်အခဲ တစ်စုံတစ်ရာရှိပါက Online Box သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Career

Knowledge Bridge Magazine တွင်တာဝန်ထမ်းဆောင်ရန် ကွန်ပြူတာစာစီ (ကျား/ မ) တစ်ဦးနှင့် ဖြန့်ချီရေး (ကျား/မ) တစ်ဦးအလိုရှိသည်။

Copyright Policy & Declaration

Website တွင် ဖော်ပြထားသော သတင်းအချက်အလက်များသည် Knowledge Bridge Magazine တွင် ထည့်သွင်းဖော်ပြထားသော အချက်အလက်များ ဖြစ်သည်။

Online Website များ Blog များတွင် အသုံးပြုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ပြီး Printing Media (Offline Media) များတွင်ထည့်သွင်း အသုံးပြုလိုပါက ကာယကံရှင်(စာရေးဆရာ) ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပါသည်။

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday11
mod_vvisit_counterYesterday174
mod_vvisit_counterThis week612
mod_vvisit_counterLast week1391
mod_vvisit_counterThis month1583
mod_vvisit_counterLast month5626
mod_vvisit_counterAll days53453

Online (20 minutes ago): 5
Your IP: 38.107.191.97
,
Today: Sep 09, 2010

Login Form