HTML Cell Merge, Appearance, Frame အကြောင်း
Cell Merge
Cell Merge ပိုင်းကတော့ table ပိုင်းကို သေချာ သိထားရင် နားလည်လွယ်မယ်လို့ ထင်ပါတယ်။ Cell Merge ကတော့ Cell နှစ်ခု ဒါမှမဟုတ် Cell နှစ်ခုထက် ပေါင်းတာပေါ့။ Cell Merge ကို ဒီလိုပေါင်းရမှာပါ။ Table တစ်ခုကို စခဲ့တုန်းက row တွေကို <tr>နဲ့ ရေးရမှာပါ။ <tr> တစ်ခုမှာ <td> ၂ ခုပါရင် နောက်ထပ် <tr> မှာလည်း <td> ၂ ခုပါဝင်ရမှာပါ။ ဒါပေမယ့် cell တွေကို merge လုပ်လိုက်ရင် အနည်းငယ် ပြောင်းလဲကုန်ပါတယ်။ အပေါ်မှာ column သုံးခု ။ ဒါကြောင့် <td> ၃ ခုပါမယ်။ ဒါပေမယ့် အောက်မှာက column ၃ ခုမှာ နှစ်ခုကို ပေါင်းလိုက်တယ်။ ဒါဆိုရင် cell က ၂ ခုပဲ ရှိတော့မယ်။ ဒါဆိုရင်တော့ <td> ၂ ခုပဲ ပါတော့မယ်။ အဲဒါကတော့ column merge လုပ်တဲ့အခါမှာပေါ့။ Row ကလည်း အဲလိုပါပဲ။ အခုတော့ column merge လုပ်တဲ့ code လေးကို ကြည့်လိုက်ပါအုံး။
<html>
<head>
<title>Example</title>
</head>
<body>
<table border=”1">
<tr>
<td> Cell 1 </td>
<td> Cell 2 </td>
<td> Cell 3 </td>
</tr>
<tr>
<td colspan=”2"> Cell 1
</td>
<td> Cell 3 </td>
</tr>
</table>
</body>
</html>
အပေါ်က code မှာ <td colspan=”2"> ဆိုတာကို တွေ့နိုင်မယ် ထင်ပါတယ်။ အဲဒါကတော့ Cell ၂ ခု ပေါင်း မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ တကယ်လို့ Cell ၃ ခုပေါင်းချင်ရင် တော့ <td colspan=”3"> ပါ။ ကျွန်တော် အဲလိုမျိုး code ကို ပြောင်းရေးလိုက်ရင် ဒီလိုတွေ့ရမှာပါ။
<html>
<head>
<title>Untitled Document</title>
</head>
<body>
<table border=”1">
<tr>
<td> Cell 1 </td>
<td> Cell 2 </td>
<td> Cell 3 </td>
</tr>
<tr>
<td colspan=”3">
Cell 1
</td>
</tr>
</table>
</body>
</html>
ကျွန်တော်တို့တွေ column ကို ၃ ခုစလုံး ပေါင်း လိုက်တဲ့အတွက် စုစုပေါင်း column ၁ ခုပဲရှိတော့တယ်။ ဒါကြောင့် <td> တစ်ခုကိုပဲ သုံးတာပါ။ ကဲ... ဆက်ပြီး တော့ example တစ်ခုလောက် ဆောက်ကြည့်ရအောင်။
<html>
<head>
<title>Untitled Document</title>
</head>
<body>
<table border=”1">
<tr>
<td colspan=”3">
List Of Adboe Software
</td>
</tr>
<tr>
<td> Adobe Acrobat </td>
<td> Adobe Dreamweaver </td>
<td> Adboe Flash </td>
</tr>
<tr>
<td> Adobe InDesign </td>
<td> Adobe Photoshop </td>
<td> Adboe Bridge </td>
</tr>
</table>
</body>
</html>
အဲဒီက code မှာဆိုရင်တော့ List Of Adboe Sofware အတွက် Column ၃ ခုလုံးကို merge လုပ်ထား တာကို တွေ့မှာပါ။
Column ၃ ခုကို merge လုပ်လိုက်တဲ့အတွက် column ၁ ခုပဲ ရှိပါတော့တယ်။ ဒါကြောင့် <td> တစ်ခုပဲ လိုအပ်ပါတော့တယ်။
အခုလောက်ဆိုရင်တော့ Column Merge ကို သိလောက်ပြီ ထင်ပါတယ်။ ဆက်ပြီး Row Merge အကြောင်းလေး လေ့လာရအောင်။
Row တွေ Merge လုပ်တဲ့အခါမှာလည်း column merge လုပ်သလိုပါပဲ။ အရင်ဆုံး code လေးစရေးလိုက်ရ အောင်။
<html>
<head>
<title>Untitled Document</title>
</head>
<body>
<table border=”1">
<tr>
<td rowspan=”2">
Cell Left
</td>
<td> Cell 2 </td>
</tr>
<tr>
<td> Cell 3 </td>
</tr>
</table>
</body>
</html>
ပထမဆုံး Column မှာ <td rowspan=”2"> ဆိုတာလေး ရှိပါတယ်။ ပထမဆုံး Column မှာ Row ၂ခုကို ပေါင်းမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ အပေါ်မှာ column ၂ ခု ရှိပေမယ့် နောက်ထပ်တစ်ဆင့်မှာတော့ Column ၁ ခုပဲ ရှိပါ တော့မယ်။
ဘာဖြစ်လို့လည်း ဆိုရင်တော့ First Column မှာ သူ့အောက်က First Column နဲ့ ပေါင်းလိုက်တော့ Column တစ်ခု ပျောက်သွားတာပေါ့။ ထပ်ပြီးရှင်းအောင် နောက် ထပ် example တစ်ခု ထပ်ပြပါမယ်။
<html>
<head>
<title> Example </title>
</head>
<body>
<table border=”1">
<tr>
<td> Row1 , Cell1
</td>
<td> Row1 , Cell2
</td>
<td> Row1 , Cell3
</td>
</tr>
<tr>
<td rowspan=”2">
Left
</td>
<td> Center </td>
<td rowspan=”2">
Right
</td>
</tr>
<tr>
<td> Cell 1 </td>
</tr>
</table>
</body>
</html>
ဒီ example မှာဆိုရင် row span ကို ကောင်း ကောင်းနားလည်မယ် ထင်ပါတယ်။ Left နဲ့ Right ဆိုပြီး row နှစ်ခုပေါင်းလိုက်တော့ အောက်ဆုံး row မှာ column တစ်ကွက်ပဲ ကျန်တော့တဲ့အတွက် <td> တစ်ခုပဲ ရေးရ တာပါ။
Appearnce
ကျွန်တော်တို့တွေဟာ Table တွေမှာ background color တွေ အသုံးပြုနိုင်ပါတယ်။ border အသုံးပြုနည်းကို တော့ အပေါ်မှာ ဖော်ပြပြီးသွားပါပြီ။ အခု ကိုယ်လိုချင်တဲ့ cell မှာ background အရောင်လေးတွေ ထည့်ရအောင်။
<html>
<head>
<title>Example</title>
</head>
<body>
<table border=”1">
<tr>
<td bgcolor=”blue”>
<font color=”#FFFFFF”>BLUE</font>
</td>
<td bgcolor=”red”>
Red
</td>
<td bgcolor=”#EABCDF”>
Hex Color
</td>
</tr>
</table>
</body>
</html>
အဲဒီမှာဆိုရင် bgcolor ကိုတွေ့မှာပါ။ အဲဒါကတော့ background အရောင်ထည့်တာပါ။ ကျွန်တော်တို့တွေ background အရောင်ကို ထည့်လို့ရပေမယ့် စာလုံး အရောင်တွေထည့်လို့ မရပါဘူး။ ကျွန်တော်တို့တွေ စာလုံး အရောင်ထည့်ချင်ရင်တော့ font color နဲ့ ထည့်သွင်းရပါ တယ်။ တခြားအဆင်ပြေတဲ့နည်းကတော့ CSS အသုံးပြု လိုက်ခြင်းပါပဲ။ ဒီစာအုပ်ထဲမှာတော့ CSS အကြောင်း ပါဝင်ခြင်း မရှိသေးဘူး။ အခုဆိုရင်တော့ bg color ကို နည်းနည်းနားလည်လာပြီ ထင်ပါတယ်။ တကယ်လို့ ကျွန် တော်တို့တွေ row တစ်ခုလုံးကို အရောင်ထည့်ချင်ရင် တော့ <tr> မှာ bgcolor ဆိုတဲ့ attribute သုံးရပါမယ်။
<html>
<head>
<title>Example</title>
</head>
<body>
<table border=”1">
<tr>
<td bgcolor=”blue”>
<font color=”#FFFFFF”>BLUE</font>
</td>
<td bgcolor=”red”>
Red
</td>
<td bgcolor=”#EABCDF”>
Hex Color
</td>
</tr>
<tr bgcolor=”#FF6699">
<td> a </td>
<td> b </td>
<td> c </td>
</tr>
</table>
</body>
</html>
အဲဒီမှာဆိုရင်တော့ <tr bgcolor=”#FF6699"> ကြောင့် row တစ်ခုလုံး အရောင်ပြောင်းသွားတယ် ဆိုတာ ကို တွေ့နိုင်မှာပါ။
အခုလောက်ဆိုရင်တော့ table အကြောင်း သိလောက်ပါပြီ။ table က HTML နဲ့ရေးရတာ တော်တော် လက်ဝင်ပြီး စိတ်ပျက်ဖို့ကောင်းပါတယ်။ Dreamweaver လိုမျိုး software သုံးလိုက်ရင်တော့ table တစ်ခု ဆောက် ရတာ အရမ်းလွယ်ပါတယ်။ table ကို merge လုပ်တာ တွေကလည်း dreamweaver မှာ အလွယ်တကူလုပ်နိုင်ပါ တယ်။ ဒီမှာ dreamweaver အကြောင်းပြောတာ မဟုတ်ပဲ HTML ကို အခြေခံက အစနားလည်အောင် ရေးတတ် အောင် ပြောပြထားတာကြောင့် အခုလိုမျိုး နည်းနည်း လက်ဝင်ပေမယ့် နားလည်အောင် လေ့လာသင့်ပါတယ်။
Career
Copyright Policy & Declaration
Website တွင် ဖော်ပြထားသော သတင်းအချက်အလက်များသည် Knowledge Bridge Magazine တွင် ထည့်သွင်းဖော်ပြထားသော အချက်အလက်များ ဖြစ်သည်။
Online Website များ Blog များတွင် အသုံးပြုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ပြီး Printing Media (Offline Media) များတွင်ထည့်သွင်း အသုံးပြုလိုပါက ကာယကံရှင်(စာရေးဆရာ) ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပါသည်။
Visitors Counter






![]() | Today | 14 |
![]() | Yesterday | 174 |
![]() | This week | 615 |
![]() | Last week | 1391 |
![]() | This month | 1586 |
![]() | Last month | 5626 |
![]() | All days | 53456 |
Your IP: 38.107.191.96
,
Today: Sep 09, 2010






