Point to Point Wan အတွက် OSI Layer ရဲ့  အလုပ်လုပ်ပုံအကြောင်း
LAN ရဲ့ အခြေခံကျတဲ့ အချက်တွေ၊ အလုပ်လုပ်ပုံ တွေ၊ သုံးတဲ့ device တွေ၊ သုံးတဲ့ Protocol တွေ အကြောင်း အကြမ်းဖျင်းသိပြီးသွားရင်း WAN ရဲ့ အဓိက ကျတဲ့ အခြေခံအချက်တွေကို ပြောပြပါမယ်။
OSI ရဲ့ Physical layer ဖြစ်တဲ့ Layer 1 ဟာ စံသတ်မှတ်ထားတဲ့ Standard ရဲ့ Physical network ကို တည်ဆောက်ဖို့နဲ့ ဒီ Physical network ပေါ်ကနေ data တွေ ပို့လွှတ်ဖို့ သုံးတဲ့ Protocol တွေကို သတ်မှတ်ထား ပါတယ်။
Poit-to-point WAN Link ဆိုတာ Ethernet Switches နှစ်ခုကြားက Ethernet trunk ပုံစံနဲ့ သဏ္ဍာန် တူပါတယ်။
တူညီတဲ့ device တွေအချင်းချင်း ချိတ်မယ်ဆိုရင် cross-over cable ကို သုံးပြီး မတူညီတဲ့ device တွေ ချိတ်ဖို့ကိုတော့ Straight through cable ကို သုံးပါတယ်။ ဒီလိုဝေးလွန်းလှတဲ့နေရာတွေမှာ WAN တွေ တည် ဆောက်ပြီး ဒီ WAN circuit တွေပေါ်ကနေ data ပို့ဖို့ အတွက် မြေအောက်မှာ Cable line တွေ ရှိရပါမယ်။ ဒါကို leased line လို့ ခေါ်ပါတယ်။ ဒီလို network ချိတ်မယ့် Company တွေက ကိုယ်ပိုင် cable line မတည်ဆောက်နိုင်တဲ့အတွက် Service Provider လို့ခေါ်တဲ့ ဆက်သွယ် ရေး Company တွေကို cable အသုံးပြုခပေးပြီး Connectivity တည်ဆောက်ရပါတယ်။
တကယ့်လက်တွေ့မှာ ချိတ်မယ်ဆိုရင် Router က ပေ ၅၀ အောက်လောက်ရှိတဲ့ Cable နဲ့ အပြင်ဘက်မှာ Channel Service Unit/data service unit လို့ခေါ်တဲ့ device (CSU/DSU) နဲ့ ချိတ်ပါတယ်။ ဆက်သွယ်ရေး Company တွေရဲ့ four wire cable ကို rack ထဲက CSU/ DSU ထဲကို Plug in လုပ်ပါတယ်။ နောက်တစ်ဖက်ကို ဆက်သွယ်ရေး Company ရဲ့ WAN Switch နဲ့ Connection ယူထားပါတယ်။
ဒါကြောင့် ဒီလိုပုံမျိုး ဖြစ်လာပါတယ်။ ဆက် သွယ်ရေး Company က demarcation အမှတ်လို့ အတို ကောက်ခေါ်တဲ့ demarc ဆိုတဲ့ ဝေါဟာရကို သုံးလာပါ တယ်။ demarc ဟာ ဆက်သွယ်ရေး Company နဲ့ leased line သုံးစွဲတဲ့ Customer ရဲ့ တာဝန်ယူရမှုကို သတ်မှတ် ရုံမကဘဲ ခွဲခြားပေးတဲ့ device၊ cable ပုံစံမျိုး လုပ်ပါ တယ်။ Customer ဘက်မှာလည်း Router နဲ့ CSU/DSU ကို Customer oremises epuipnent (CPE) အဖြစ် သုံး လာပါတယ်။ Link ရဲ့ Speed ကို Digital Signal level O DSO ဆိုရင် 64 Kbps၊ US က စံသတ်မှတ်ထားတဲ့ T1 Line လို့ခေါ်တဲ့ DS1 ဆိုရင် 24DSO နဲ့ 8 Kbps၊ T3 line လို့ ခေါ်တဲ့ DS 3 က 28 DS1၊ Europe နဲ့ Japan ရဲ့ စံသတ်မှတ်ချက် E1 line ကတော့ 32 DSO၊ E3 line က 16E ဒီလိုမျိုးခွဲခြားထားပါတယ်။
ဒီအပိုင်းက OSI Layer 1 က point-to-point WAN အတွက် လုပ်ဆောင်ချက်တွေပါပဲ။
Point-to-Point WAN အတွက်
OSI-layer 2 ရဲ့ အလုပ်လုပ်ပုံအကြောင်း
Point-to-Point WANS တွေအတွက် OSI ရဲ့ Layer 2 ဖြစ်တဲ့ data link layer မှာ အရေးပါတဲ့ protocols နှစ်မျိုးရှိပါတယ်။ High-level Data Link Control (HDLC) နဲ့ Point-to-Point Protocol (PPP) ဆိုတဲ့ WAN Protocols တွေက Link ပေါ်ကနေ data တွေ ပို့ဆောင်တဲ့ အခြေခံကျတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ပေးနိုင်ဖို့ point-to-point serial links တွေကို သုံးပါတယ်။
HDLC မှာ data ပို့ရင် error မရှိမှ ဒီ data က link က တဆင့် ဖြတ်နိုင်ပြီး error ရှိခဲ့ရင်တော့ ပို့တဲ့ data frame ကို HDLC က ဖျက်ချပါတယ်။ HDLC က Frame ထဲက Packet အမျိုးအစားကို သတ်မှတ်ပေးပါတယ်။ ဒီလို သတ်မှတ်တာဟာ လက်ခံတဲ့ device က Packet အမျိုးအစားသိစေဖို့ ဖြစ်ပါတယ်။
Link ပေါ်က data ကို ပို့ဖို့ error တွေကို စစ်ဖို့နဲ့ Packet အမျိုးအစားသတ်မှတ်ဖို့ HDLC က data ကို HDLC Frame ဖွဲ့ပါတယ်။ HDLC frame ရဲ့ header မှာ Address field နဲ့ Protocol အမျိုးအစားကို ဖော်ပြတဲ့ field ပါဝင်ပြီး trailer မှာ error ကို စစ်တဲ့ frame check sequence (FCS) field ပါဝင်ပါတယ်။ ဒါပေမယ့် HDLC က error ကို ပြန်ပြင်တာတွေ မလုပ်ပါဘူး။
HDLC မှာ address field ကို 1 byte, type field ကို ethernet protocol ရဲ့ type field အတိုင်း 2 bytes ယူပါတယ်။
Type field မပါတဲ့ အခြေခံ HDLC Frame
Type Field ပါတဲ့ Cisco HDLC Frame
Cisco က အသုံးပြုထားတဲ့ HDLC Frame ကို Cisco router အချင်းချင်းချိတ်ဆက်ပြီး data ပို့တဲ့အခါမှာပဲ သုံးပါတယ်။ Cisco router နဲ့ တခြား အမျိုးအစား router နဲ့ ချိတ်တဲ့ အခါမှာတော့ ဒီ Frame ကို မသုံးပါဘူး။
နောက် protocol က Point-to-Point Protocol (PPP) ဖြစ်ပါတယ်။ PPP က Cisco သုံးတဲ့ HDLC frame အတိုင်း 2 byte ရှိတဲ့ protocol type field ပါဝင်ပြီး အခြေခံအနေနဲ့ အလုပ်လုပ်ပုံလည်း ဆင်တူပါတယ်။ ထူး ခြားတာက PPP က အမျိုးအစားမတူတဲ့ router တွေ ချိတ်ရင်လည်း သုံးလို့ရအောင် Protocol type field ကို စံအနေနဲ့ တစိတ်တပိုင်း သတ်မှတ်ထားပါတယ်။
PPP က HDLC ထက် အချိန်နောက်ကျပြီးမှ သတ် မှတ်အသုံးပြုပေမယ့် PPP ကို တီထွင်သူတွေက WAN data link layer protocol အနေနဲ့ ပိုကောင်းတဲ့ Features တွေကို ထပ်ထည့်လာတဲ့အတွက်ကြောင့် ပိုပြီး ထင်ရှား လာပါတယ်။
Frame Relay နဲ့ Packet Suiting အကြောင်း
Provider က device နှစ်ခုကြား Layer 1 Circuit တစ်ခု တည်ဆောက်ပြီး ပို့ချင်တဲ့နေရာ ရောက်အောင် ပို့တဲ့ data ရဲ့ အကြောင်းအရာတွေကို ဆက်ပြီး လမ်းညွှန် နိုင်ဖို့ စစ်ဆေးပေးတဲ့ Service ဖြစ်ပါတယ်။ Frame Relay နဲ့ Asynchronous Transfer Mode (ATM) ဆိုတဲ့ ထင်ရှားတဲ့ Packet-switching service နှစ်မျိုးရှိပါတယ်။
ဝေးကွာတဲ့ နေရာတွေမှာ routcers များစွာကို ချိတ် ဆက်ဖို့ point-to-point WAN ကို သုံးပါတယ်။ Frame Relay က point-to-point line ထက်စာရင် အကျိုး ကျေးဇူးနည်းနည်းပိုရှိပါတယ်။ ဥပမာအနေနဲ့ Site တစ်ခုကို ရုံးခွဲနှစ်ခုနဲ့ ချိတ်ဆက်တော့မယ်ဆိုရင် အဓိက main site အတွက် router မှာ Serial interface နှစ်ခုနဲ့ Channel Service Unit/Data Service Unit ဆိုတဲ့ CSU/ DSU နှစ်ခုလုံးစီလိုအပ်ပါတယ်။ ဒါကြောင့် Site ပေါင်း များစွာ ချိတ်တော့မယ်ဆိုရင် router တစ်ခုစီအတွက် interface တစ်ခုစီနဲ့ CSU/DSU တစ်ခုစီလိုအပ်မှာ ဖြစ်တဲ့ အတွက် routers တွေ၊ ဒီ routers တွေအတွက် interfaces တွေနဲ့ CSU/DSU တွေပမာဏအများကြီး လိုအပ် လာမှာဖြစ်ပါတယ်။
Frame Relay ကို အစားထိုးကြည့်မယ် ဆိုရင် main site မှာ ရှိတဲ့ router အတွက် serial interface တစ်ခုလိုပါတယ်။ CSU/DSU တစ်လုံးလိုပါတယ်။ Site ပေါင်းများစွာအတွက်ဆိုရင်တော့ bandwidth ပို ရဖို့အတွက် router မှာ interface နှစ်ခုသုံးခုလောက် လိုအပ်ပါတယ်။ လက်ရှိသုံးနေတဲ့ leased line က 128 kbps ပဲ ရှိမယ်ဆိုရင် site တစ်ခုစီကို data များများပို့နိုင်၊ လက်ခံနိုင်ဖို့အတွက် router မှာရှိတဲ့ leased line ကို 1.544 Mbps ရတဲ့ T1 line အထိ အဆင့်တိုးမြှင့်နိုင်ပါ တယ်။ ဒီအချက်တွေကို ကြည့်မယ်ဆိုရင် Frame relay က ပိုပြီးဈေးသက်သာပါတယ်။ ပိုမြန်ပါတယ်။
ဒါကြောင့် Frame Relay ရဲ့ အခြေခံအချက်တွေကို လေ့လာကြည့်မယ်ဆိုရင် Frame Relay network ဆိုတာ LAN လိုမျိုး နှစ်ခုထက်ပိုတဲ့ devices တွေက networkလှမ်းချိတ်နိုင်တဲ့ multi access network ဖြစ်ပါတယ်။ နှစ်ခုထက်ပိုတဲ့ devices တွေ ချိတ်နိုင်ဖို့ Protocols တွေကို ပိုပြီး အသေးစိတ်သိဖို့လိုပါတယ်။
Frame Relay မှာ ပါဝင်တဲ့ Components ပစ္စည်း တွေကတော့ -
Frame Relay ကို Link Access Procedure-Frame (LAPF) protocol က သတ်မှတ်ထားတဲ့ Data link header နဲ့ trailer ပါဝင်ပါတယ်။ Frame Relay head မှာ Data link connection identifier (DLCI) လို့ ခေါ်တဲ့ address field ပါရှိပြီး Frame relay cloud ထိရောက်အောင် wan switch ကနေ ပို့ပေးပါတယ်။ frame relay ကို Frame switching service လို့လည်း ခေါ်ပါတယ်။
Frame relay မှာ Frame relay switch တွေကို DCE လို့ ခေါ်ပြီး Customer တွေ သုံးတဲ့ router လိုမျိုး equipment တွေကို DTE လို့ ခေါ်ပါတယ်။ DCE ဆိုတာ service ပေးတဲ့ device ဖြစ်ပြီး DTE ကတော့ Frame relay service လိုအပ်နေတဲ့ device ဖြစ်ပါတယ်။ ဥပမာဆိုရင် CSU/DSU က router ကို ချိန်ကိုက်လှုပ်ရှားဖို့ စပြီး အချက် ပေးတယ်ဆိုရင် ဒီ CSU/DSU ကို DCE၊ router ကို DTE လို့ ခေါ်ပါတယ်။
Frame Relay Virtual Circuit ဆိုတာ router တစ်စုံစီတိုင်းမှာ fram သွားမယ့် logical လမ်းကြောင်း ဖြစ်ပါတယ်။ Frame relay က Point-to-point leased line ထက် ပိုပြီးအားသာတာကတော့ Virtual circuit နဲ့ အလုပ် လုပ်နိုင်တာပါပဲ။ Frame relay က Committed information rate (CIR) ရဲ့ Concept ပုံစံအတိုင်း ရှိပါတယ်။ ဒါကြောင့် VC တစ်ခုစီမှာ bandwidth များများရအောင် လုပ်ပေးနိုင်တဲ့ CIR ပါဝင်ပါတယ်။
နိဂုံးချုပ်ရရင်တော့ Frame Relay က ဈေးသက်သာ တယ်၊ မြန်တယ်၊ အကောင်အထည်ဖော်ရတာ ပိုမြန် တယ်။ network ကို တတ်နိုင်သလောက် ချဲ့နိုင်ပြီး hardware လိုအပ်ချက်နည်းတယ် ဆိုတဲ့ ကောင်းချက်တွေ ရှိပါတယ်။Career
Copyright Policy & Declaration
Website တွင် ဖော်ပြထားသော သတင်းအချက်အလက်များသည် Knowledge Bridge Magazine တွင် ထည့်သွင်းဖော်ပြထားသော အချက်အလက်များ ဖြစ်သည်။
Online Website များ Blog များတွင် အသုံးပြုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ပြီး Printing Media (Offline Media) များတွင်ထည့်သွင်း အသုံးပြုလိုပါက ကာယကံရှင်(စာရေးဆရာ) ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပါသည်။
Visitors Counter






![]() | Today | 173 |
![]() | Yesterday | 188 |
![]() | This week | 173 |
![]() | Last week | 1354 |
![]() | This month | 930 |
![]() | Last month | 5626 |
![]() | All days | 52800 |
Your IP: 38.107.191.96
,
Today: Sep 05, 2010






