အင်တာနက်ယဉ်ကျေးမှုထဲက ကလေးသူငယ်များရဲ့  လုံခြုံမှု
အခြားသော အဝေးပြေးလမ်းမကြီးများကဲ့သို့ပင် သတင်းအချက်အလက် စူပါဟိုက်ဝေး လမ်းမကြီး (Information Superhighway) ဖြစ်သော အင်တာနက်သည် သတင်းအချက်အလက် များ စီးဆင်းသွားလာရာတွင် ယခင်ကလူသားများ မတွေ့ကြုံဘူးသော မြန်ဆန်မှု၊ လွယ်ကူမှုတို့ ကို ပေးနိုင်စွမ်းသတ္တိ ရှိပါသည်။ သတင်းအချက်အလက်များကို အင်တာနက်အဝေးပြေး လမ်းမကြီးတစ်လျှောက် လျင်မြန်လွယ်ကူစွာ ပေးပို့လာနိုင်သည်နှင့်အမျှ၊ လူသားများ၏ ဘ၀များ သည်လည်း ပိုမိုတိုးတက်အဆင်ပြေချော့မွေ့လာပါသည်။ သို့သော် အင်တာနက် သတင်းလမ်း မကြီးသည် လူသားအားလုံးအတွက် ပြီးပြည့်စုံသော ကောင်းမွန်သော သတင်းအချက်အလက် များကိုသာ ပေးပို့နေသည် မဟုတ်ပါ။ မလိုလားအပ်သော အန္တရယ်အထွေထွေကိုလည်း သယ် ဆောင်ပေးပို့မှုများ ရှိတက်ပါသည်။ အထူးသဖြင့် စဉ်းစာဆင်ခြင်မှု နုနယ်သေးသည့် ငယ်ရွယ်သူ များအတွက် အင်တာနက်သည် သားရဲများကို ချောင်းနေသည့် ဆိုက်ဘာမုဆိုးများနှင့် တွေ့ကြုံရ တက်သည့်နေရာတစ်ခုလည်း ဖြစ်ပါသည်။
အမြန်လမ်းမကြီးအတွင်းရှိ ဘ၀များ
သတင်းအချက်အလက် နည်း ပညာတော်လှန်ရေုးဟု တင်စားခေါ် ဝေါ်ကြသော အင်တာနက်သည် ရှေးယခင်မျိုးဆက်များ မစဉ်းစားမ တွေးတောမိကြသော အခွင့်အရေး မျိုးစုံကို ယနေ့ခေတ်လူငယ်များဆီ သို့ သယ်ဆောင်လာပါသည်။ မိမိ အိမ်မှမခွာပဲ အွန်လိုင်းဂိမ်း (online game) များကို ကစားနိုင်ကြသလို သူငယ်ချင်းများနှင့်လည်း ဆက်သွယ် ပြောဆိုနိုင် (Chating) ကြပါသည်။ အကြောင်းအရာမျိုးစုံကိုလည်း လေ့ လာသိရှိနိုင်ကြပါသည်။ အင်တာနက် မှ ပညာရေး၊ ယဉ်ကျေးမှုမျိုးစုံတို့ကို လွယ်ကူစွာရယူခံစားနိုင်ကြသလို၊ အချိန်နှင့်အမျှ ဖြစ်ပျက်ပြောင်းလဲနေ သော သတင်းများ အားကစား အကြောင်းအရာများ၊ မိုးလေ၀သ အခြေအနေများ၊ ဈေးကွက်ပေါက် ဈေးနှုန်းများ၊ စတော့ခ်ဈေးနှုန်းများ ဘဏ်လုပ်ငန်းအခြေအနေများစသည် တို့ကို စက္ကန့်မလပ် သိရှိစေနိုင်ပါ သည်။ ဤကဲ့သို့သော အကျိုးကျေး ဇူးများအပြင် လူငယ်မျာအနေဖြင့် ဆက်သွယ်ရေးကျွမ်းကျင်မှုများ တိုး တက်စေခြင်း၊ စာရေးသားသီကုံးမှုြွကယ်ဝလာစေခြင်း၊ သတင်းအချက် အလက်များအပေါ် နားလည်နိုင်မှု စွမ်းရည်ကျယ်ပြန့်လာစေခြင်း စသည့် အကျိုးတရားများလည်း ဖြစ်ပေါ်လာ စေပါသည်။
သို့ပါသော်လည်း ကွန်ပျူတာ အခြေပြုအင်တာနက်သည် လူငယ် များဆီသို့ ကောင်းခြင်းမင်္ဂလာအဖြာ ဖြာကိုသာ သယ်ဆောင်ပေးသည် မဟုတ်ပါ။ မလိုလားအပ်သော အန္တရာယ် အခြေအနေများကို တစ်ပါ တည်း သယ်ဆောင်လာလေ့ရှိပါ သည်။ အင်တာနက်နှင့် အခြား မီဒီယာတို့ ကွာခြားချက်များအနက် အဓိကအချက်တစ်ခုမှာ အင်တာ နက်သည် အသုံးပြုသူအား အဆင် ပြေလွယ်ကူစွာ အပြန်အလှန်ဆက် သွယ်ပြောနိုင်ခြင်းပင် ဖြစ်ပါသည်။ သို့ဖြစ်ရာ လူငယ်များသည် အင်တာ နက်မှတဆင့် အခြားသောတစ်နေရာ မှ မည်သူနှင့်မဆို တွေ့ဆုံပြောဆို ဆက်သွယ်မှုများ (Chat) ပြုလုပ်လာ ကြကာ ထိုမှတစ်ဆင့် ဖြစ်နိုင်ချေ အန္တရာယ်များ (potential daugers) ပေါ်ပေါက်လာနိုင်ပါသည်။ ယနေ့ တွင် လူငယ်များသည် ၄င်းတို့၏ မိဘများ၊ ဆရာများထက်ပို၍ အင်တာနက်ကို နက်နက်ရှိုင်းရှိုင်းထိ တွေ့ဆက်ဆံသုံးပြုနေကြသည်မှာ ခေတ်ရေစီးကြောင်းယဉ်ကျေးမှု အရ ပင်ဖြစ်ပါသည်။
လူအဖွဲ့အစည်းအတွင်း လူ အမျိုးမျိုးရှိကြသကဲ့သို့၊ အွန်လိုင်း ကမ္ဘာ (online world) တွင်လည်း မတူခြားနားသော စိတ်အခြေခံ လူ များစွာရှိနေကြပါသည်။ အွန်လိုင်း ပေါ်ရှိ လူအများစုသည် နည်းပညာ ကို သိရှိယဉ်ပါးနေသည့် လောက အကျိုးပြုသူများဖြစ်ကြသော်လည်း အချို့သောသူများသည် အနုတ်လက္ခ ဏာဆောင်၊ အယုတ်သဘောတရား များကို နှစ်ခြိုက်၊ ကိုယ်ကျိုးရှာမှုများ ဖြစ်နိုင်ကြပါသည်။ ၄င်းတို့သည် ကလေးသူငယ်များအား မသင့်လျော် မလျော်ကန်သော ကြော်ငြာများ ဆွဲ ဆောင်မှုများ ပြသလေ့ရှိကြရာ၊ ကလေးသူငယ်များအတွက် အင်တာ နက်ပေါ်တွင် အထူးသတိထားရမည့် အရာများဖြစ်ပါသည်။ အင်တာနက် သည် မိမိလိုချင်သည်ကို လွတ်လပ် စွာ ဖော်ပြပေးနိုင်သည့် အခွင့်အရေး ပေးနေသည်ဖြစ်ရာ ကောင်းကျိုးများ ဖြစ်စေသည့် အချက်အလက်များ သာမက၊ မဖွယ်မရာ၊ မသင့်တော် သော ပုံများ၊ ကလေးသူငယ်များ (အထူးသဖြင့် စိတ်ကစားတက်သော ဆယ်ကျော်သက် လူငယ် များ)အတွက် လိင်ပိုင်း ဆိုင်ရာပုံများလည်း ရှိနေ တတ်ပါသည်။ သို့ဖြစ်ရာ မိဘ၊ အုပ်ထိန်းသူများ သည် မိမိတို့၏ ရင်သွေး၊ လူငယ်များအတွက် မလို လားအပ်သော အချက် အလက် မဖွယ်မရာပုံ များအား တားဆီးကာ ကွယ်ပေးရန် တာဝန်ရှိ လာပါသည်။
ဤနေရာတွင် အင်တာနက် အွန်လိုင်း သည် အသုံးမပြုသင့်သော အရာ၊ အန္တရာယ်များသော နေရာဟု ရှုမြင် လိုက်ပါက တိုးတက်ဖွံ့ဖြိုးမှုအတွက် ကလေးသူငယ်များ၏ လေ့လာ အား ထုတ်မှုကို ကန့်သတ်လိုက် သကဲ့သို့ ဖြစ်သွားလိမ့်မည်ကို သတိရှိကြ ရမည် ဖြစ်ပါသည်။ အဓိကအချက် မှာ အင်တာနက်ပေါ်ရှိ ဖြစ်နိုင်ချေ အန္တရာယ် သဘောသဘာဝကို သိရှိ နားလည် သဘောပေါက် ရှောင်ရှား ပြီး အကျိုးရှိရာ ဗဟုသုတများကို လွယ်ကူစွာ ရယူနိုင်ပုံကို သိရှိနိုင်ရေး ပင် ဖြစ်ပါသည်။
အွန်လိုင်းလုံခြုံစိတ်ချရမှု
နည်းလမ်းများ
အင်တာနက်ရှိ ၀က်ဘ်ဆိုက် များသို့ လှည့်ပတ်ကြည့်ရှုရာတွင် လုံခြုံစိတ်ချရသည့် လှည့်ပတ်ရှာဖွေမှု (Safe navigation and exploring) တို့ နှင့် ပတ်သက်၍ ခိုင်မာတိကျသည့် လမ်းညွှန်ချက်များကို နေ့စဉ်သင်ရိုး ညွှန်းတမ်းမျာ အနေဖြင့် မရှိသေးပါ။ သို့ဖြစ်ရာ မိဘအုပ်ထိန်းသူများအနေ ဖြင့် မိမိတို့၏ ကလေးသူငယ်များ အား မှန်ကန်စွာ အင်တာနက် အသုံး ပြုနိုင်စေရန် အောက်ဖော်ပြပါ လမ်း ညွှန်ချက်များအား သိရှိထားသင့် ပါသည်။
ဆွေးနွေးပါ
ပထမဦးဆုံးနှင့် အထိရောက် ဆုံး နည်းလမ်းတစ်ခုမှာ သင်၏ ရင် သွေး ကလေးသူငယ်နှင့် အင်တာ နက် အွန်လိုင်းအကြောင်း ဆွေးနွေး ခြင်းပင် ဖြစ်ပါသည်။ အချိန်ယူပြီး သင်၏ ကလေးနှင့်အတူ ဖြစ်နိုင်ချေအွန်လိုင်း အန္တရာယ်များအကြောင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပါ။ သင်၏ ကလေးနှင့် အတူ စာသားဖြင့် စကား ပြောဆိုခြင်း (Chat room) ဆီသို့ သွားရောက်လည် ပတ်ပြီး၊ ကိုယ်နှင့် စကား ပြောဆိုနေသူသည် မည်သို့ သော အနေအထား ဖြစ် မည်။ ၄င်းပြောဆိုနေမှုများ သည် အမှန်လား/အမှား လား ဆိုသည်ကို မြင်သာ ထင်သာအောင် ထောက်ပြပြောဆို ပါ။ ပညာရေး၊ ဖြေဖျော်ရေးစသည့် သတင်းအချက် အလက်များကြားရှိ ကွဲပြားခြားနားချက်၊ ကောင်းကျိုး ဆိုးကျိုးများ အကြောင်းကို ဆွေးနွေး ပါ။ အွန်လိုင်းပေါ်တွင် တွေ့ဆုံ ပြောဆိုသမျှအားလုံးကို အမှန်ဟု ယူဆ၍ မရကြောင်းကို နားလည် သဘောပေါက်သိစေရမည် ဖြစ်ပါသည်။ အွန်လိုင်းပေါ်တွင် တစ်စုံ တစ်ရာသော စိတ်မသက်မသာ၊ အနှောင့်အယှက်ဖြစ်မှုကို တွေ့ကြုံ လာပါက ချက်ခြင်း ၄င်းနေရာမှ ထွက်ခွာမှု၊ တွေ့ကြုံနေရသော ၀က်ဘ်ဆိုက်ကို ပိတ်လိုက်မှု၊ သို့ မဟုတ် ယုံကြည်ရသော လူကြီးသူမ များကို တိုင်ပင်မှုများ ပြုလုပ်စေရန် ပြောဆိုဆွေးနွေးမှု ပြုလုပ်ရမည် ဖြစ်သည်။
ပွင့်လင်းထင်သာမှု
ကွန်ပျူတာများကို သင့် ကလေး၏ အိပ်ခန်းထဲတွင် ထားခြင်း ထက် အများမြင်သာသော ဧည့်ခန်း တွင်ရှိနေခြင်းသည် သင့်ကလေးနှင့် ဆက်သွယ်ရန် ကြိုးစားနေသော မကောင်းကြံသူများအဖို့ အခွင့်မသာ သော အခြေအနေဖြစ်စေမည် ဖြစ်သည်။ ကလေး၏ အီးမေးလ် များ၊ အွန်လိုင်းအကောင့် (Online Account) များကို စစ်ဆေးခြင်းဖြင့် ကလေးသူငယ်များ၏ အွန်လိုင်း လမ်းလွဲမှုများကို တားဆီးထိန်းသိမ်း နိုင်မည်ဖြစ်သည်။
နည်းပညာအသုံးပြုခြင်း
သင့်ကလေးသူငယ်များအား ဖြစ်နိုင်ချေ အန္တရယ်များသို့ ၀င် ရောက် အသုံးပြုခြင်းမှ ကူညီ ကာကွယ်ပေးရန် လုပ်ဆောင်နိုင်မည့် နည်းလမ်းတစ်မျိုးကတော့၊ အလိုမရှိ သည့် ၀က်ဘ်ဆိုက်များကို တားဆီး ပေးသော ဆော့ဖ်ဝဲလ် (Blocking Software) များကို အသုံးပြုခြင်းပင် ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲလ်ကို မိဘများက စောင့်ထိန်းပေးသော ဆော့ဖ်ဝဲလ် (Parent Control Software) ဟုလည်း ခေါ်ဝေါ်ကြပြီ ကလေးများအတွက် မသင့်လျော် သော အချက်အလက်ပုံများကို ပိတ်ပင်တားဆီး ပေးပါသည်။ ကလေးများအတွက် သင့်လျော် အကျိုးရှိစေသည့် ၀က်ဘ်ဆိုက်များ ကို ခွဲခြားဖော်ပြ ပေးပါသည်။ ၄င်း ဆော့ဖ်ဝဲလ်များသည် ကလေးများ ကြည့်ရှုသောပုံများ ၀က်ဘ်ဆိုက် အမည်မျာကို မှတ်တမ်းတင်သိမ်း ဆည်းပေးခြင်း ကလေးများအတွက် သင့်လျော်သောအကြောင်းအရာများ ရှာဖွေမှုရလာဒ်အဖြေကို ကန့်သတ် ပေးခြင်း၊ မိဘများက ကလေးများ အင်တာနက်အသုံးပြုမှု ကန့်သတ် ပေးနိုင်ခြင်းတို့ကို လုပ်ဆောင်ပေး ပါသည်။ ကျောင်းများ၊ စာကြည့်တိုက် များ၊ သူငယ်ချင်းများနှင့် ပြင်ပ အင်တာနက် အသုံးပြုမှုနေရာများ တွင် မည်သို့သော ကွန်ပျူတာလုံခြုံ ရေးဆော့ဖ်ဝဲလ်များ (Computer Safeguards) သုံးစွဲသည်ကိုလည်း လေ့လာသိရှိထားသင့်ပါသည်။
မိဘနှင့်ကလေးကြားရှိ ကတိစာချုပ်
အင်တာနက် အသုံးပြုမှု သဘောတူညီချက်သည် မိဘများ အတွက် မိမိတို့သားသမီးများ အင် တာနက် အသုံးပြုမှုနှင့် ပက်သက်၍ အလွန်အသုံးဝင်သော နည်းလမ်း တစ်ခုပင် ဖြစ်ပါသည်။ အချို့သော မိသားစုများတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်သဘောတူညီချက်များကို စာရိုက်ပရင့်ထုတ်ပြီး (Print out) အသုံးပြုနေသည့် ကွန်ပျူတာဘေး တွင် ကပ်ထားလေ့ ရှိကြပါသည်။ ဤသို့သော သဘောတူညီချက်များ တွင် အောက်ဖော်ပြပါအချက်များ ပါဝင်လေ့ရှိပါသည်။
1. အွန်လိုင်းပေါ်တွင် တွေ့ဆုံ သော မည်သူနှင့်မဆို အပြင်လက် တွေ့လောက၌ မျက်နှာချင်းဆိုင် တွေ့ဆုံရန် မပြုလုပ်ခြင်း။
2. မိမိ၏ ရုပ်ပုံ၊ ဓာတ်ပုံများကို အင်တာနက်ပေါ်သို့ မတင်ခြင်း၊ သို့ မဟုတ် ကိုယ်မသိသော မည်သူသို့ မဆို မိမိဓာတ်ပုံများကို မပေးပို့ခြင်း။
3. ကိုယ်ရေး အချက်အလက်များ ဖြစ်သော အမည်၊ လိပ်စာ၊ ကျောင်း လိပ်စာ၊ ဖုန်းနံပါတ်များကို အသေး စိတ် မဖော်ပြခြင်း။
4. မိမိမသိသော တစ်ခါမှမကြည့် ဖူးဘူးသော ၀က်ဘ်ဆိုက်မှ ဖိုင်(files) များကို မိမိကွန်ပျူတာအတွင်းသို့ ကူး ယူမှု(download) မပြုလုပ်ခြင်း။
5. အကြံပြုသဘောအနေဖြင့် လည်းကောင်း၊ ညစ်ညမ်းမှုအနေဖြင့် လည်းကောင်း၊ အနိဌာရုံများဖြင့် နှောင့်ယှက်သည့်အနေဖြင့် သော် လည်းကောင်း သတင်းစာသားများ ကို တွေ့ကြုံလာပါက တုန့်ပြန်မှုမပြု လုပ်ခြင်း။
မိဘနှင့်ကလေးကြား အင်တာနက်အသုံးပြုမှု သဘောတူညီချက် နမူနာပုံစံ
(Sample Intenet Use Contract)
(A) အင်တာနက်ပေါ်တွင် ခြိမ်းခြောက်မှုများ၊ အကျပ်ကိုင်မှုများ၊ မဖွယ်မရာမှု များတွေ့ကြုံလာပါက မိဘ သို့မဟုတ် အခြားလူကြီးတစ်ဦးသို့ ချက်ခြင်း အသိပေးပြောကြားပါမည်။
(B) အွန်လိုင်းပေါ်ရှိနေစဉ် နာမည်အပြည့်အစုံ၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ကျောင်း အမည်၊ နေ့စဉ်လုပ်ငန်းဆောင်ရွက်သည့်ဇယား၊ လျှို့ဝှက်နံပါတ် (password) နှင့် အခြားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မည်သူကိုမျှမပေးပါ။
(C) မိဘသဘောတူညီခွင့်ပြုချက်မရှိဘဲ အွန်လိုင်းတွင် တွေ့ခဲ့သော မည်သူ ကိုမျှ ချိန်းဆိုတွေ့ဆုံမှု မပြုလုပ်ပါ။
(D) အကယ်၍ မဖြစ်မနေတွေ့ဆုံဖို့လိုအပ်ပါက မိဘမှတွေ့ဆုံဖို့သင့်/မသင့် ဆုံးဖြတ်ရမည်ဖြစ်ပြီး၊ တွေ့ဆုံရာတွင်လည်း အများရှိနေမည့်နေရာတွင် သော်လည်းကောင်း၊ မိဘသို့မဟုတ် အုပ်ထိန်းသူတစ်ဦးဘေးတွင် ရှိနေ ရမည်ဖြစ်သည်။
(E) ညစ်ညမ်းသော၊ ခြိမ်းခြောက်သော၊ ဆွဲဆောင်သော သတင်းစကားများ ကို တွေ့ဆုံပါက တုန့်ပြန်ခြင်း မပြုလုပ်ပါ။ တွေ့ဆုံရင်ဆိုင်ရပါရင်လည်း လူကြီးမိဘတစ်ဦးဦးကို ပြောဆိုအသိပေးရမည်ဖြစ်သည်။ စာသားပေးပို့ စကား ပြောဆက်သွယ်မှု(chat room)တွင်လည်း၊ စိတ်အနှောင့်အယှက် ဖြစ်စေမှုများ တွေ့ဆုံလာပါက ချက်ခြင်းပိတ်လိုက်မည် ဖြစ်သည်။
(F) မိခင်၏သဘောတူညီချက်မရှိပဲ၊ ရုပ်ပုံဓါတ်ပုံများကို အင်တာနက်ပေါ် တင်လွှင့်ခြင်း မပြုလုပ်ပါ။
(G) အွန်းလိုင်းပေါ်တွင် ရန်ဖြစ်ခြင်း၊ ငြင်းခုန်ခြင်း၊ မပြုလုပ်ပါ။ ဤသို့သော အခြေအနေစတင်လာမှု တွေ့ဆုံလာပါက၊ ငြင်းဆို ရှောင်ရှားမည်ဖြစ်ပြီး၊ မိဘအား အသိပေးအကြောင်းကြားပါမည်။
သား/သမီး -------------------------------------------
နေ့စွဲ -------------------------------------------
မိဘ/အုပ်ထိန်းသူ -------------------------------------------
နေ့စွဲ -------------------------------------------
အွန်လိုင်းအန္တရာယ် လက္ခဏာများ
အင်တာနက်သည် ကျွန်ုပ်တို့ ဘ၀များအား ကြီးမားစွာ ပြောင်းလဲ တိုးတက်စေနိုင်မည်ဖြစ်သော်လည်း မထင်မှတ်သော အန္တရာယ်များနှင့် လည်း တွေ့ကြုံစေနိုင်ပါသည်။ ၄င်း အန္တရာယ်များတွင် အကျိုးမရှိသော ဆက်သွယ်ပြောဆိုခြင်း၊ ပုဂ္ဂလိက လုံခြုံမှု ကျူးကျော်ခံရခြင်းနှင့် မဖွယ် မရာ မသင့်လျော်သော အချက် အလက် ရုပ်ပုံများ တွေ့ဆုံခြင်းတို့ ပါဝင်ပါသည်။
ကလေးသူငယ်ချင်း၊ အထူး သဖြင့် ဆယ်ကျော်သက်ရွယ်များ (Teenagers)သည် ချုပ်ချယ်မှု မခံလို ခြင်း၊ လွတ်လပ်စွာ လုပ်ကိုင်စိတ်ရှိ ခြင်း၊ ဆန့်ကျင်ဖက်လိင်ကို စိတ်ဝင် စားခြင်းစသည့် ဇီဝကမ္မအပြောင်း အလဲဖြစ်ပေါ်သည့် အရွယ်ဖြစ်လာ သဖြင့်၊ အွန်လိုင်းအန္တရာယ်များမှ ကြိုတင် ရှာင်ရှားနိုင်စေရန်၊ ကျွမ်း ကျင်သူများက အုပ်ထိန်းသူမိဘများ အား အောက်ပါအချက်များကို သတိ ပေးခြင်းအနေဖြင့် ဖော်ပြကြပါသည်။
1. အွန်လိုင်းတွင် အချိန်အများ ကြီး ကုန်နေခြင်း အထူးသဖြင့် ညဖက်တွင် အင်တာနက် အသုံး ပြုခြင်း
အင်တာနက်ရှိ လိင်မုဆိုး၏ သားကောင်ဖြစ်နေသော ကလေး သူငယ် တော်တော်များများသည် အွန်လိုင်းတွင် အချိန်ကုန်နေလေ့ ရှိပါ သည်။ အထူးသဖြင့် စာသားစကား ပြောခြင်း (chat room)များတွင် ထိုင် နေလေ့ရှိကြသည်။ အဆိုပါ အလှည့် စားခံ ကလေးသူငယ်များသည် သူ ငယ်ချင်းနှင့်လည်းကောင်း၊ အခြားသူ များနှင့်လည်းကောင်း၊ အကျိုးမရှိ သော စကားပြောဆို ဆက်သွယ်မှု များမှသည် မဖွယ်မရာပုံများ ပြသ ကြည့်ရှုသည်အထိ ရောက်ရှိနိုင်ကြ သည်။ သို့ဖြစ်ရာ အင်တာနက်တွင် လိုအပ်သည် ထက်ပို၍ အချိန်ကုန် နေလေ့ရှိသော ကလေးသူငယ်များ ကို အုပ်ထိန်းသူမိဘ၊ လူကြီးများက သတိထားကြရမည် ဖြစ်သည်။
2. သင့်ကလေး၏ ကွန်ပျူတာတွင် မဖွယ်မရာ လိင်ပိုင်းဆိုင်ရာ ညစ် ညမ်းပုံများတွေ့ရှိခြင်း
အွန်လိုင်းမှ လိင်မုဆိုးများ သည် ကလေးများကို ညစ်ညမ်း ဓာတ်ပုံများပြသခြင်း၊ ဆွေးနွေးဆွဲ ဆောင်ခြင်းဖြင့် ကလေးသူငယ်များ ကို သားကောင်အဖြစ် စည်းရုံးသိမ်း သွင်းကြလေ့ ရှိသည်။ သို့ဖြစ်ရာ မိမိ ကလေးများ၏ ကွန်ပျူတာတွင် ကလေးများနှင့် မသင့်တော်သည့် မဖွယ်မရာအချက်အလက် ရုပ်ပုံများ ကို ဖော်ပြနေသည့်ဖိုင်များ၊ စီဒီများ ရှိမရှိကို စစ်ဆေးကြည့်ရှုပြီး တားဆီး ကာကွယ်ကြရမည် ဖြစ်သည်။
3. သင်မသိသော တစ်စုံတစ်ဦး ဆီမှ သင့်ကလေးသည် မေးလ်၊ လက်ဆောင်များ ရရှိခြင်း
ဆွဲဆောင်သိမ်းသွင်းမှု လုပ် ငန်းစဉ်တစ်ခုအနေဖြင့် အင်တာနက် မုဆိုးများသည် စာများရုပ်ပုံများ သို့မဟုတ် အခြားသောလက်ဆောင် များကို ၄င်းတို့ ပစ်မှတ်ထားကြသော သူငယ်များဆီသို့ ပေးပို့ကြလေ့ရှိ သည်။ ထိုမှတစ်ဆင့် ဖုန်းဖြင့်ပြောဆို ၍ တွေ့ဆုံနိုင်ရန် ကြိုးပမ်းကြလေ့ ရှိပါသည်။
4. သင် အခန်းတွင်းသို့ ၀င်ရောက်သောအခါ သင့်ကလေး သည် ကွန်ပျူတာ ဖန်သားပြင်ကို ရုတ်တရက် ပိတ်လိုက်ခြင်း
ကလေးသူငယ်များအတွက် မသင့်လျော်သော မဖွယ်စရာ လိင် ပိုင်းဆိုင်ရာရုပ်ပုံ အချက်အလက်များ ကို ကြည့်ရှုလေ့ရှိသော ကလေး သူငယ်များသည် ၄င်းတို့ ကြည့်ရှုနေ သည့်အရာများအား မိဘများ မမြင် တွေ့စေချင်သဖြင့် ၄င်းတို့ အခန်း တွင်းသို့ ၀င်ရောက်သည့်အခါတွင် မော်နီတာဖန်သားပြင်ကို ရုတ်တရက် ပိတ်လိုက်ခြင်းမျိုး ပြုလုပ်ကြလေ့ ရှိပါသည်။
5. မိသားစုမှ ခပ်ခွာခွာနေခြင်း
အချို့သော အွန်လိုင်းမုဆိုး များသည် မိသားစု ပြဿနာတစ်စုံ တစ်ရာရှိနေသော ကလေးသူငယ် များကို ဂရုတစိုက်ရှာဖွေလေ့ရှိ ကြပါသည်။ ပြဿနာအသေးအဖွဲ လေးကိုပင် ကြီးမားသော ပြဿနာ အဖြစ် သွေးထိုးလှုံ့ဆော်ကာ ပစ်မှတ် ထားသည့်ကလေးကို မိသားစုမှ ခွဲကွာစေပြီး အလိုရှိရာသို့ ဆွဲဆောင် ကြလေ့ရှိပါသည်။
အထက်ဖော်ပြပါ အန္တရာယ် ကို ကြုံတွေ့ရသည့်အခါတွင် မှန်ကန် သော အခြေအနေဆီသို့ သင့် ကလေးနှင့်အတူ တည်ဆောက်နိုင် ရေးသည် အုပ်ထိန်းသူမိဘများ အတွက် အဓိက အရေးပါသော အချက်တစ်ခုပင် ဖြစ်သည်။
အပျော်မှသည်
စွဲလန်းမှုဆီသို့
အင်တာနက်ကို အပျင်းပြေ သဘောအနေဖြင့် သော်လည်း ကောင်း ကလေးထိန်း (babysitter) အနေဖြင့်သော်လည်းကောင်း၊ တစ်စုံ တစ်ရာသော ရှာဖွေသိရှိလိုမှုအတွက် သော်လည်းကောင်း သုံးစွဲရာမှ အင် တာနက် အလွန်အကျွံ အသုံးပြုမှု ဖြစ်ပေါ်လာတက်ပါသည့် အင်တာ နက် စွဲလန်းမှု(addiction)မှာ ကမ္ဘာ အ၀ှန်း တနေ့တခြား များပြားလာနေ ကာ သုတေသနအများအပြား လုပ် ဆောင်နေကြပါသည်။ အင်တာနက် ပုံမှန်သုံးစွဲမှုမျိုး မဟုတ်ပဲ ထိန်းချုပ်မှု မရှိ။ အလွန်အကျွံသုံးစွဲသူများသည် ပျမ်းမျှအားဖြင့် ရက်သတ္တပတ်လျှင် နာရီ (၄၀)ခန့်မျှရှိကြရာ ၄င်းသည် အချိန်ပြည့် အလုပ်ချိန် ပမာဏပင် ဖြစ်သည်။ ဤသို့သော် သူများသည် တကယ့်လက်တွေ့ဘ၀ထက်အွန်လိုင်း ထိတွေ့မှု (online Interaction)ကို ပိုမိုနှစ်သက်ကြလေ့ ရှိသည်။ အချိန် တော်တော်များများကို အင်တာနက် တွင် အသုံးပြုကြခြင်းဖြင့် မိသားစုနှင့် ထိတွေ့မှုမှ ကင်းဝေးလာကြပါသည်။ ဤသို့ဖြင့်အထီးကျန်မှု(Loneliness)၊ စိတ်ဓာတ်ကျဆင်းမှု (Depression) တို့ ၀င်လာနိုင်ပါသည်။
အင်တာနက်သည် ယနေ့လူမှု လောကကြီးကို ပိုမိုအဆင်ပြေ ချော မွေ့မြန်ဆန်လွယ်ကူလာစေရန် ကူညီ ထောက်ပံ့ပေးနေသော်လည်း သုံး သင့်သည့်အချိန်ထက် ပိုမိုကျော်လွန် ကာ အကန့်အသတ်မရှိ၊ အတားအ ဆီးမရှိသုံးစွဲပါက`တန်ဆေးလွန်ဘေး´ ဟူသော ဆိုရိုးစကားအတိုင်း မမျှော် လင့်သော ကျန်းမာရေးအန္တရာယ်များ တွေ့ကြုာံလာနိုင်ကြောင်းကို ကျွမ်း ကျင်သူများက သုံးသပ်ကြပါသည်။
ကလေးများအတွက်
အင်တာနက်
ယနေ့ ကလေးလူငယ်များ သည် အင်တာနက်ယဉ်ကျေးမှု ဘောင်အတွင်း မွေးဖွားလာကြသော ဆိုင်ဘာလောက (Cyber World) ၏ ဆိုက်ဘာပြည်သူ (Cyber People) များပင်ဖြစ်ပြီး အရွယ်ရောက်လူကြီး များသည်ကား ဧည့်ပြည်သူများ (immigrants) ပင်ဖြစ်ကြသည်ဟု ဆိုက် ဘာယဉ်ကျေးမှုကို လေ့လာသူများ ကသုံးသပ်ကြပါသည်။ အင်တာနက် သည် ယနေ့လူငယ်များအတွက် အချက်အလက် ဗဟုသုတရှာဖွေမှု၊ တစ်ဦးကိုတစ်ဦး ဆက်သွယ်မှုတို့ တွင် ရှေးယခင်လူ့အဖွဲ့အစည်းတွင်း ရှိ နည်းနာပုံစံများမှ လုံးဝခြားနားသွား ကာ ပိုမိုဆန်းသစ် လွယ်ကူမြန်ဆန် လာပါသည်။ သို့ဖြစ်ရာ ကျောင်းသား လူငယ်များသည် စွမ်းရည်ပြည့်ဝစေ ရန် ဗဟုသုတြွကယ်ဝစေရန်နှင့် ဆိုက်ဘာယဉ်ကျေးမှုနှင့် ပိုမို ကျွမ်းဝင်စေရန်တို့အတွက် အင်တာ နက်ကို မဖြစ်မနေ အသုံးပြုရမည် ဖြစ်ပေသည်။ အသုံးပြုရန်လည်း လူကြီးများက တိုက်တွန်းကြရမည် ဖြစ်သည်။ ယနေ့ ကမ္ဘာကြီးသည် အွန်လိုင်းသတင်းအချက်အလက်ပေါ် တွင် တနေ့တခြား ပိုမိုမှီခိုနေကြရပြီ ဖြစ်ရာ သတင်းအချက်အလက်များ နှင့် ပင်ရင်းရရှိရာ ရင်းမြစ်တို့နှင့် ပတ်သက်၍ မည်မျှတိကျ မှန်ကန် ကြောင်းကိုလည်း အကဲဖြတ်မှတ်ယူ နိုင်ပုံကိုလည်း ကလေးသူငယ်များ သိရှိဖို့သည် မဖြစ်မနေ အရေးကြီး လာနေပြီဖြစ်သည်။ ဒီဂျစ်တယ်စာပေ (digital literacy)ကို ပိုမို ကျွမ်းကျင် လာခြင်းဖြင့် လူဘောင်လောကကြီး ကို လက်ဆင့်ကမ်းသယ်ဆောင်ရ မည့် ယနေ့လူငယ်များသည် အင် တာနက်ကို ပိုမိုအကျိုးရှိစွာ အသုံးပြု လာနိုင်ကြမည် ဖြစ်သည်။ အနာဂတ် တွင် တွေ့ကြုံလာရမည့် သတင်း အချက်အလက်များကိုလည်း မှန် ကန်စွာ ရင်ဆိုင်နိုင်ရန် ပြင်ဆင်ပြီး ဖြစ်ပေလိမ့်မည် ဖြစ်သည်။
အင်တာနက်ကို အကျိုးရှိရှိ အသုံးပြုရန် ကလေးသူငယ်များအား သင်ကြားပေးနိုင်ခြင်းသည် ယခု ပစ္စုပ္ပန်နှင့် နောင်အနာဂတ်အတွက် အကောင်းဆုံးကာကွယ်လုပ်ဆောင် မှုဖြစ်ပါသည်။ သားသမီးများနှင့်မိဘ များသည် အင်တာနက်အကြောင်း မှန်ကန်စွာ ပိုမိုသိရှိနားလည်လာခြင်း ဖြင့် အင်တာနက်မှ တွေ့ကြုံလာနိုင် သည့် ဆိုးကျိုးများကို ရှောင်ရှားနိုင် ပြီ၊ တန်ဖိုးရှိသော သတင်းအချက် အလက်၊ ဗဟုသုတများကို လွယ်ကူ အဆင်ပြေစွာ ဘ၀တစ်လျှောက်လုံး အသုံးပြုသွားနိုင်မည်ဖြစ်ပေသည်။
Career
Copyright Policy & Declaration
Website တွင် ဖော်ပြထားသော သတင်းအချက်အလက်များသည် Knowledge Bridge Magazine တွင် ထည့်သွင်းဖော်ပြထားသော အချက်အလက်များ ဖြစ်သည်။
Online Website များ Blog များတွင် အသုံးပြုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ပြီး Printing Media (Offline Media) များတွင်ထည့်သွင်း အသုံးပြုလိုပါက ကာယကံရှင်(စာရေးဆရာ) ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပါသည်။
Visitors Counter






![]() | Today | 14 |
![]() | Yesterday | 174 |
![]() | This week | 615 |
![]() | Last week | 1391 |
![]() | This month | 1586 |
![]() | Last month | 5626 |
![]() | All days | 53456 |
Your IP: 38.107.191.98
,
Today: Sep 09, 2010






