Sunday, September 05, 2010
   
Text Size

Site Search

Amazon တည်ထောင်သူ JAFF BEZOS နှင့် အင်တာဗျူး

၁၉၉၄ - ခုနှစ်တွင် Amazon ကို တည်ထောင်ပြီး နောက်တွင် ဂျက်ဖ်ဘီဇို(စ်)သည် လက်လီရောင်းချနည်း (Retailing) ကို တော်လှန်ပြောင်းလဲခဲ့သည်။ ယခုအခါ သူသည် ကျွန်တော်တို့၏ စာဖက်ပုံကိုပြောင်းလဲပစ်ရန် လုံ့လပြုနေသည်။ ယင်းနှင့်ပတ်သက်၍ Time မဂ္ဂဇင်းမှ Dahiel Lyons ၏ တွေ့ဆုံမေးမြန်းမှုများကို တင်ပြလိုက်ပါ သည်။

 

 

 

LYONS: စီးပွားရေးကပ်သင့်နေတဲ့ကြားကပဲ Amazon ရဲ့ အခြေအနေက အံ့သြဖွယ်ရာ ကောင်းနေတယ်။ ခင်ဗျား ဘယ်လိုများ စွမ်းဆောင်လိုက်တာပဲ။

BEZOS: အခြေခံအချက်တွေကို အလေးထားလိုက်တာ ပါ။ အနုစိပ်ရွေးချယ်တာ၊ ဈေးနှုန်းချိုသာတာ၊ စိတ် ချယုံကြည့်အားထားရတာ၊ အဆင်ပြေတာ၊ အလျင်အမြန် ပေးပို့နိုင်တာတွေ ဖြစ်အောင် အလေးထားဆောင်ရွက်လိုက်တာပဲ။ ၁၄ နှစ်တာ ကာလလုံးလုံး ဒီလို ဇောင်းပေးဆောင်ရွက်မှုနဲ့ အကျိုးရလာဒ်ကို ရရှိတာပဲ ဖြစ်ပါတယ်။ ကျွန် တော်တို့ သုံးလပတ်အတွင်းမှာ အခြေအနေ ကောင်းတယ်ဆိုရင် အဲဒါလွန်ခဲ့တဲ့ သုံးနှစ်၊ လေးနှစ်၊ ငါးနှစ်လောက်က လုပ်ခဲ့တဲ့အလုပ်တွေရဲ့ အကျိုးဆက်ပဲ။

          ဒါပေမယ့် ရေရှည်ပျိုးဖို့လိုအပ်တဲ့ ဒုတိယနည်း လမ်းရှိတယ်။ အဲဒါက ကိုယ်ဘယ်လောက်တော် တယ်၊ တခြားဘာလုပ်နိုင်မလဲလို့ စူးစမ်းတာထက် ကိုယ့်စားသုံးသူတွေဟာ ဘယ်သူတွေလဲလို့ မေး တာပဲ။ သူတို့ ဘာလိုလဲပေါ့။ အဲဒီနောက် လတ်တလောတို့မှာ အဲဒီကျွမ်းကျင်မှုရှိသည်ဖြစ်စေ၊ အဲဒီကျွမ်းကျင်မှုရှိအောင် ဘယ်လောက်ကြာကြာ ဆည်းပူးရသည်ဖြစ်စေ သူတို့လိုချင်တာကို သူတို့ ရအောင်ချပေးမယ်လို့ ဆုံးဖြတ်ခြင်းပဲ။ Kindle က အဲဒါက သာဓကကောင်းတစ်ခုပဲ။ ဈေးကွက်ပေါ် ရောက်နေတာ နှစ်နှစ်ရှိပြီ။ ဒါပေမယ့် အဲဒါမတိုင် ခင် သုံးနှစ်ကတည်းက အဲဒါကို ပြင်းပြင်းထန်ထန် လုပ်ခဲ့တာ။ အဲဒီသုံးနှစ်မတိုင်ခင် တစ်နှစ်လောက် က အဲဒီအကြောင်းပဲပြောခဲ့တယ်။ အဲဒီကိရိယာ ကို တည်ဆောက်ဖို့လိုအပ်တဲ့ Hardware အင်ဂျင် နီယာအဖွဲ့ကို ဖွဲ့စည်းဖို့ လူတွေငှားခဲ့ရတယ်။ ကျွမ်းကျင်မှုအသစ်တွေ ရယူခဲ့ရတယ်။

LYONS : Kindle ရဲ့အောင်မြင်မှုကို ခင်ဗျား အံ့သြမိ သလား။

BEZOS : အံ့အားသင့်မိပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက် ကဆို အခုထိဖြစ်သမျှကို ကျွန်တော်တို့ တစ် ယောက်မှ မမျှော်လင့်မိခဲ့ဘူး။ အဲဒါ ကျွန်တော်တို့ ရဲ့ နံပါတ်တစ်အရောင်းရဆုံးပစ္စည်း ဖြစ်နေတယ်။ စာအုပ်တွေအတွက် Kindle မူ စာစဉ် ရှိတယ်။ စာအုပ်အရောင်း ၄၃ ရာခိုင်နှုန်းက Kindle စာအုပ် တွေ ဖြစ်တယ်။ မေလမှာ ၃၅ ရာခိုင်နှုန်း တိုး တက်ခဲ့တယ်။ ဒါက ကျွန်တော်တို့အတွက် လုပ်ငန်းသက်သက် မဟုတ်ဖူး။ ဒါက သာသနာပြု ဇွဲလုံ့လမျိုးနဲ့ လုပ်ရတာ။ Kindle က ကျွန်တော်တို့ ထက် ကြီးတယ်လို့ ကျွန်တော်တို့ ထင်တယ်။

LYONS: အမေဇုန်က လက်လီအရောင်းသမား အဖြစ် တာထွက်ခဲ့တာနော်။ ခုတော့ ကွန်ပျူတာဝန် ဆောင်မှု လုပ်ငန်းတွေပါ ရောင်းချနေပြီး Kindle နဲ့ အတူ စားသုံးသူ အီလက်ထရောနစ်လုပ်ငန်း ထဲ ရောက်နေပြီ။ မျက်မှောက်ကာလ Amazon ကို ခင်ဗျားဘယ်လိုမြင်သလဲ။

BEZOS: ကျွန်တော်တို့က ဖောက်သည်နဲ့အစပြုပြီးနောက်  ပြန်ဆောင်ရွက်လာခဲ့တာ။ စားသုံးသူကို ၀န် ဆောင်မှုပေးနိုင်ဖို့ လိုအပ်သမျှနည်းပညာကို ကျွန်တော် တို့ တည်ဆောက်တယ်။ လိုအပ်သမျှ ကျွမ်းကျင် မှုကို ကျွန်တော်တို့လေ့လာတယ်။ ဒုတိယတစ် ချက်ကတော့ ကျွန်တော်တို့က တီထွင်သူတွေ လေ။ အဲဒါကြောင့် ``တို့လည်းပဲ´´ ဆိုတဲ့ ကဏ္ဍတွေ ကို ကျွန်တော်တို့အာရုံစိုက်လေ့ မရှိတာကိုတွေ့ မယ်။ ကျွန်တော်တို့က မစူးစမ်းရသေးတဲ့လမ်း အကြောင်းတွေကို ဆင်းရတာကြိုက်တယ်။ လမ်း ဆုံးမှာ ဘာရှိမလဲလို့ကြည့်ရတာကို ကြိုက်တယ်။ နောက်တတိယတစ်ချက်ကတော့ ကျွန်တော်တို့ ရေရှည်အမြင်မွေးဖို့ ၀န်မလေးဘူး။ အဲဒါကတော့ အရှားပါးဆုံးလက္ခဏာတစ်ရပ်လို့ ကျွန်တော် ထင်တယ်။

LYONS: စားသုံးသူဆီကနေ နောက်ပြန်အလုပ်လုပ်တဲ့ သာဓကတစ်ခုဖြစ်တဲ့ပုံစံကို ရှင်းပြနိုင်မလား။

BEZOS: ကုမ္ပဏီတွေက သူတို့ လုပ်ကိုင်နေတဲ့အလုပ် ချဲ့ထွင်နိုင်တဲ့ နည်း လမ်း ရှိတယ်။ တစ်ခု ကတော့ သူတို့ ကျွမ်းကျင်မှု ထက် မြက်မှုကိုစစ်တမ်း ပြုပြီး ``ကောင်းပြီး၊ ဒီကျွမ်းကျင်မှုမျိုးနဲ့ တို့တခြားဘာလုပ်လို့ရမလဲလို့´´ ဆန်းစစ်နိုင်တယ်။ အဲဒါကတော့ ကုမ္ပဏီတိုင်း အသုံးချသင့်တဲ့ အလွန် အသုံးဝင်တဲ့ နည်းစနစ်ပဲ။ What's onsthis one?.

LYONS: ``လူတွေက စာမဖတ်ကြတော့လို့´´ Kindle အောင်မြင်မှာ မဟုတ်ဘူးလို့ စတီးဗ်ဂျော့စ် (Steve Jobs) တစ်ခါက ဟောကိန်းထုတ်ခဲ့တယ် မဟုတ်လား။

BEZOS: အင်း။ စာဖတ်တာက တစိုက်မတ်တပ်ကိရိယာနဲ့ ထိုက်တန်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါအင် မတန် အရေးကြီးတဲ့အချက်ပဲ။ ကျွန်တော်တို့ လူသားတွေဟာ ကိုယ့်ကိရိယာတွေနဲ့အတူ တွဲ ဖက်ဖွံ့ဖြိုးကြတယ်။ ကျွန်တော်တို့က ကိရိယာကို ပြောင်းလဲတယ်။ ကိရိယာက ကျွန်တော်တို့ကို ပြောင်းလဲတယ်။ အဲဒါနဲ့ သံသရာလည်ရော။ လွန် ခဲ့တဲ့ အနှစ်နှစ်ဆယ်ကာလတလျှောက် network ကွန်ရက်က smart ဖုန်းတွေ၊ Black Berrys တွေ၊ အင်တာနက်နဲ့ချိတ်ဆက်တဲ့ desktop ပီစီတွေက ကျွန်တော်တို့ယဉ်ကျေးမှု အသိုက်အမြုံကို တို တောင်းတဲ့ပုံစံ စာဖက်နည်းဖက်ကို ရွှေ့ပြောင်း ပေးနေတယ်။ ကျွန်တော့် Black Berry ကို ကျွန် တော်ကြိုက်တယ်။ e-mail တွေဖက်ဖို့သိပ်ကောင်း တယ်။ ကျွန်တော့် desktop ကွန်ပျူတာနဲ့လည်း အတူတူပဲ။ Blog ကနေ ဆောင်းပါးတိုတွေဖတ်ရ တာကို ကျွန်တော်သိပ်ပျော်တာ။ ဒါပေမယ့် စာမျက်နှာ ၃၀၀ လောက်ရှိတဲ့စာအုပ်ကို ကျွန် တော့်ကွန်ပျူတာပေါ်မှာ မဖတ်ချင်ဘူး။ အဲဒီတော့ Kindle လုပ်နေတာက အဆင်ပြေပြေကြိုးမဲ့ဆက် သွယ်နိုင်မှုကို ပုံစံရှည်အနေနဲ့ ပြန်ခံစားနိုင်အောင် ဆောင်ရွက်ပေးနေတာပဲ။

LYONS: နိုဘယ်ဝတ္ထုတွေကော တစ်ဖန်ဆန်းသစ်တဲ့ အပိုင်းကို ရောက်မလား။

BEZOS: Novel ၀တ္ထုတွေပြန်လည်ဆန်းသစ်တဲ့ ကဏ္ဍ ရောက်လာမယ်လို့ မထင်ဘူး။ ခင်ဗျား ဆေးကျမ်း တွေ၊ ဘာတွေဖတ်ဖို့ စဉ်းစားရင်တော့ ...။ ဟုတ်ပါ့။ ဆန်းသစ်ဖို့ အချိန်တန်ပြီလို့ ကျွန်တော် ထင်ပါတယ်။ နှလုံးခုန်တာကို သက်ဝင်ပုံတူလုပ် လို့ရတယ်။ ဒါပေမယ့် လုံးချင်းဝတ္ထုကတော့ လက်ရှိပုံစံမှာ ဖြစ်ထွန်းမယ်လို့ ကျွန်တော်ထင် တယ်။ တင်ပြပုံအသစ်အဆန်းတီထွင်ဖြစ်မှာ မဟုတ်ဖူးလို့တော့ မဆိုလိုပါဘူး။

LYONS: စာရွက်ပေါ် မှင်တင်တဲ့စာအုပ်တဖြေးဖြေးတိမ် ကောပပျောက်သွားမယ်လို့ ထင်ပါသလား။

BEZOS: ထင်ပါတယ်။ ဘယ်လောက်ကြာမှာတော့ မသိ ဘူး။ ကျွန်တော်တို့က ဇာတ်လမ်းတွေကို ဇာတ် ဟန်နဲ့ပြန်ပြောပြတာတွေကို ကြိုက်ပါတယ်။ စာရေးဆရာရဲ့ လောကထဲမှာ နစ်မြှုပ်ရတာကြိုက် ပါတယ်။ ဒါပေမယ့် ရုပ်ကိုယ်တည်ရှိတဲ့စာအုပ်ရဲ့ သက်တမ်းက နှစ်ပေါင်း ၅၀၀ ရှိပြီ။ စာအုပ်ဟာ အအောင်မြင်ဆုံးနည်းပညာဖြစ်ကောင်းဖြစ်ပါ လိမ့်မယ်။ ဂူတန်ဘတ် (Gutenbery) သာ ဒီနေ့ အသက်ရှင်နေရင် ရုပ်ကိုယ်တည်စာအုပ်ကို မှတ်မိ ပြီး ဘယ်လိုရိုက်ရမယ်ဆိုတာ တန်းသိမယ်။ မှတ် သားလောက်တဲ့ အချက်က ဒီလောက်ရှည်ကြာတဲ့ စာအုပ် ခိုင်မာလာတဲ့ကိစ္စပဲ။ ဒါပေမယ့် ဘယ် နည်းပညာစာအုပ်လိုထယ်ဝါလှတဲ့ နည်းပညာ တောင် ထာဝရမတည်တန့်နိုင်ဘူး။

 


Ref :

Teff Bezos internewed by Daniel Lyous,

Time Magazine

Career

Knowledge Bridge Magazine တွင်တာဝန်ထမ်းဆောင်ရန် ကွန်ပြူတာစာစီ (ကျား/ မ) တစ်ဦးနှင့် ဖြန့်ချီရေး (ကျား/မ) တစ်ဦးအလိုရှိသည်။

Copyright Policy & Declaration

Website တွင် ဖော်ပြထားသော သတင်းအချက်အလက်များသည် Knowledge Bridge Magazine တွင် ထည့်သွင်းဖော်ပြထားသော အချက်အလက်များ ဖြစ်သည်။

Online Website များ Blog များတွင် အသုံးပြုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ပြီး Printing Media (Offline Media) များတွင်ထည့်သွင်း အသုံးပြုလိုပါက ကာယကံရှင်(စာရေးဆရာ) ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပါသည်။

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday182
mod_vvisit_counterYesterday188
mod_vvisit_counterThis week182
mod_vvisit_counterLast week1354
mod_vvisit_counterThis month939
mod_vvisit_counterLast month5626
mod_vvisit_counterAll days52809

Online (20 minutes ago): 13
Your IP: 38.107.191.96
,
Today: Sep 05, 2010

Login Form