အဆင့်မြင့် နည်းပညာများရဲ့  အနာဂတ်
ဒီဇင်ဘာလ ကုန်ခါနီးလာ သည်နှင့်အမျှ ကမ္ဘာနှင့်အ၀န်း ဂျာနယ်လစ်များ၊ ပဏ္ဍိတ်များက သူတို့ခေါင်းထဲရောက်လာသည့် ကိရိ ယာများ၊ နည်းပညာများထဲမှ ယမန် နှစ်ထဲမှာ မည်သည်က အရေးပါဆုံး ဖြစ်ခဲ့သလဲဟူသည်ကို ကျယ်ကျယ် လောင်လောင် ပြောဆိုလာကြသည်။ ဘီဘီစီ နည်းပညာဝက်ဘ်ဆိုက်ထဲ တွင် ရိုရီ ဆယ်လင် ဂျုန်းက တိမ် တိုက်ကွန်ပျူတာနည်းပညာ (cloud computing)၊ ဂျိုနသန် ဖိလဒက်စ်က စမတ်ဖုန်း အသုံးချဆော့ဖ်ဝဲများ၊ မာ ဂျီ ရှီးကမူ သူမစွဲငြိသည့် Blackberry။
နှစ်တစ်နှစ်၏ ကိုယ်စားပြု (သို့ မဟုတ်) အရေးအပါဆုံး တီထွင်ဆန်း သစ်မှုကို ရွေးချယ်ရန် ခက်ခဲလှသော် လည်း အနည်းဆုံးတော့ လေ့လာ ဆန်းစစ်ကြည့်ရပါလိမ့်မည်။
(၁) ပန်းသီး (Apple)၏ တစ်လမ်း သွားဆန်ဆန် အသုံးဖန်တီးသူများ ကို ဇက်ခွာံထားသည်များကို အပြစ် မြင်နိုင်သော်လည်း iTunes အသုံးချ ဆော့ဖ်ဝဲများမှာမူ ယမန်နှစ်၏ အ ကြီးမားဆုံး အောင်မြင်မှုတစ်ခု ဖြစ် ခဲ့ပါသည်။ ရှာပုံတော်အင်ဂျင်ကြီး ဂူဂဲလ်ကလည်း စောလွန်း၍ အမှား မကင်းသေးသော ပထမဆုံးအယ်လ် ဖာမူဖြစ်သော်လည်း :Wave ကို ပွဲထုတ်လာခဲ့ပါသည်။
(၂) သတင်းအချက်အလက် လုံခြုံ ရေးကို ဒီဇိုင်းလုပ်ငန်းစဉ်၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ရပ်အဖြစ် စဉ်းစား ပုံ စဉ်းစားနည်းမှာ မှတ်လောက်သား လောက်ပင် တိုရေရှားရေ ဖြစ်နေပါ သေးသည်။ အနာဂတ်ကို မျှော်ကြည့် ဖို့ကတော့ လက်ဝင်ခက်ခဲနေတုန်းပင် ဖြစ်ပါသည်။
(၃) လောလောလတ်လတ် နည်း ပညာအသစ်အဆန်းများ၏ ရိုက်ခတ် သက်ရောက်မှုကို အကဲဖြတ်ရန်မှာ စောလွန်းနေသေးပြီး ဂူဂဲလ်၏ Wave မှာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းနယ်ပယ်တွင် တော်လှန်ရေး တစ်ရပ်ဖြစ်လာမည်လား၊ နည်းပညာ ရာဇ၀င်သည် ဂူအောင်း မှေးမှိန်သွား မည်လားဆိုသည်ကို ပြောရန် မဖြစ် နိုင်သေးပါ။
(၄) ထုတ်ကုန်သစ်များ၊ ၀န်ဆောင် မှုသစ်များ တစ်ချိန်လုံးပေါ်ပေါက်နေ သည့် မျက်မှောက်ကာလတွင် နည်း ပညာအရွေ့နှုန်းက မြန်ဆန်လွန်း လှသောကြောင့် အဆုံးအစွန် အန္တိမ အထိ ကောက်ချက်ဆွဲသည့်နည်းမှာ အလုပ်မဖြစ်ပါ။ အီးဘုက်ဈေးကွက် က လာအံ့ဆဲဆဲ ပန်းသီး၏ ချပ်ပြား ကွန်ပျူတာ (Tablet Computer) များနှင့် ထိန်းညှိရမည်လော။ ချပ်ပြား ၏ ပုံသဏ္ဍာန်၊ အထိအတွေ့နှင့် အလုပ်လုပ်ပုံကို မသိကြရသေးသော ကြောင့် မည်သူမျှ မပြောနိုင်ကြသေး ပါ။ သို့ရာတွင် ကျွန်ုပ်တို့အနေဖြင့် နာကျင်အရှက်ရသည်အထိ မှားယွင်း နိုင်သော်လည်း မစဉ်းစားဘဲ၊ မရွေး ချယ်ဘဲ၊ မငြင်းခုန်ဘဲတော့ မနေနိုင် ကြပါ။
(၅) လူကြိုက်များမှု မဆုတ်ယုတ်မီ ကာလ သုံးလေးနှစ်အလွန်ကပင် အင်နာလော့ဂ်မိုဒမ်း (Analogue Modemd) များ နေ၀င်တော့မည်ဟု ဟောကိန်း ထုတ်ခဲ့ဖူးသည်ကို ကျွန်တော်အမှတ်ရမိပါသည်။ သို့ရာ တွင် ၂၀၀၅ခုနှစ် နည်းပညာကော်လံ တွင်မူ မကြာသေးမီနှစ်များအတွင်း ကြိုးမဲ့နည်းပညာများ ကြားဖြတ်ဝင် ရောက်လာမည်ကိုမူ တင်ကူးမမြင်နိုင် ခဲ့ကြောင်း ၀န်ခံရမည်သာ ဖြစ်ပါ သည်။ တေးဂီတထုတ်လုပ်ရေး လုပ် ငန်းကလည်း သူတို့ပရိသတ်ကို မယုံ မကြည်နှင့် သူတို့သြဇာကို အသုံးချ ပြီး သူတို့၏စနစ်ဘောင်အတွင်းတွင် ဇက်ခွံထိန်းချုပ်ထားနိုင်ဖို့ အလွန် အမင်း ကြိုးစားလာသည့် အန္တရယ် ကိုတော့ ထောက်ပြခဲ့ပါသည်။
အရှေ့ကိုတဲ့ မျှော်လိုက်ရင်
သို့ရာတွင် ၂၁ရာစုနှစ်၊ ပထမ ဆုံးဆယ်စုနှစ်၏ နောက်ဆုံးနှစ်ကဲ့သို့ ၀င်ရောက်လာသည့်အချိန်တွင် ခြေ ဖျားထောက်၍ စီးပွားရေးသုံးအဆင့် သို့ရောက်ရန် အနည်းဆုံး ၁၀နှစ်ခန့် လိုသေးသည့်၊ လက်ရှိအချိန်တွင် ဓာတ်ခွဲခန်းထဲတွင်သာ ရှိနေသေး သည့် နည်းပညာတစ်ရပ်အကြောင်း ကိုတော့ ဟောကိန်းထုတ်ကြည့်ချင်ပါ သည်။ ၂၀၂၀ခုနှစ်ပတ်ဝန်းကျင် လောက်တွင်မူ ကျွန်တော်တို့အားလုံး သတင်းများကြောင့် စိတ်အနှောင့် အယှက်ဖြစ်ကြရလိမ့်မည်ဟု ယုံ ကြည်နေပါသည်။ စွမ်းအင်များများ စားစားမလိုအပ်သည့် မိုက်ခရိုလေ ဆာသုံးပုံရိပ်ကို မြင်လွှာသို့တိုက်တိုက် ဆွဲယူပေးသော မှန်ဘီလူးနှင့် ရုပ်ပြ နည်းပညာမှာ အကျင့်ပျက်လူဆိုးတို့ ၏ ဖောက်ထွင်းခြင်းကို ခံရဖွယ်ရှိနေ ပါသည်။ လူဆိုးတို့က မြောက်များလှ စွာသော အချက်အလက်များကို အသုံးပြုကာ အခပေးကြော်ငြာများ နေရာတွင် ၄င်းတို့၏ တရားမ၀င် ၀န် ဆောင်မှုများဖြင့် အစားထိုး၍ ကိုယ် ရေးအချက်အလက်များ ခိုးယူပြီး ကုမ္ပဏီကွန်ရက်များအတွင်းသို့ စိမ့် ၀င်ထိုးဖောက်လာပါလိမ့်မည်။
ထိုအချိန်ကာလလောက်တွင် မှန်ဘီလူးထုတ်လုပ်သူများမှာ ၄င်းတို့ ၏မှန်ဘီလူများနှင့် ထိုအချိန်လောက် တွင် ကျွန်ုပ်တို့အားလုံး အသုံးပြုနေ နိုင်လောက်သည့် ကိုယ်ရေးအချက် အလက် ကွန်ရက်များကို ချိတ်ဆက် ရာတွင် အသုံးပြုသည့် ဒေတာသယ် ပို့ ပရိုတိုကိုးတွင် လုံခြုံရေးနည်းစနစ် များ ပေါင်းထည့်ဖို့ အသည်းအသန် ကြိုးစားလာကြမည်ဖြစ်သော်လည်း အကျိုးဆက်မှာအသုံးချနှင့်ဝန်ဆောင် မှုများကို ကျိုးပြတ်စေမည်ဖြစ်သော ကြောင့် ကျယ်ကျယ်ပြန့်ပြန့်တော့ အသုံးပြုကြလိမ့်မည် မဟုတ်ပါ။
လူထုဆိုသည်မှာလည်း ထူး ထူးဆန်းဆန်း ညစ်ညမ်းပုံများကို ကြည့်ရသည့် သဲထိတ်ရင်ဖိုအရသာ ကို နှစ်သက်မြဲနှစ်သက် နေကြမည် ဖြစ်ရာ ကြည့်ရလွယ်သည်ဟူသော အညွှန်းပြုချက်ပါသည့် ထုတ်ကုန် တို့ကို ဦးစားပေးမည်ဖြစ်သောကြောင့်လူဆိုးဂိုဏ်းတို့က ကိုယ်ရေးအချက် အလက်များ ထည့်သွင်းပြီး တရားမ ၀င် ကြော်ငြာများ ရောင်းချမြဲ ရောင်း ချနေလိမ့်ဦးမည်။ ဒစ်ဂျစ်တယ် ထိ မှန်ဘီလူးများမှာ ဓာတ်ခွဲခန်းစူးစမ်း ရှာဖွေမှုများ၏ ကျေးဇူးကြောင့် မကြာသေးမီက ဖြစ်နိုင်ချေရှိသည့် နည်းပညာများထဲမှ တစ်ခုဖြစ်လာခဲ့ ပါသည်။ ၀ါရှင်တန်တက္ကသိုလ်တွင် တီထွင်ဖွံ့ဖြိုးဆဖြစ်သည့် ဤနည်း ပညာမှာ ရေဒီယိုလှိုင်းဖြင့် စွမ်းအင် ပေးသည့် တစ်လုံးတည်း အယ်လ် အီးဒီအနီကို အသုံးပြုထားပါသည်။ အန္တိမအနေဖြင့် ကျွန်ုပ်တို့တွင် ထိန်း ချုပ်ဆားကစ်၊ ရုပ်ပြဆားကစ်နှင့် မြင် လွှာကို ပုံရိပ် တိုက်ရိုက်ထိုးပြသည့် အင်တာနာငယ်တစ်ပါတည်း (built-in)မှန်ဘီလူးများ ရရှိလာကြလိမ့်မည် ဟု ယုံကြည်မျှော်လင့်ရပါသည်။ ကျော်လွှားရမည့် အင်ဂျင်နီယာပညာ ရပ်ဆိုင်ရာ အခက်အခဲများ ရရှိလာ ကြလိမ့်မည်ဟု ယုံကြည်မျှော်လင့် ရပါသည်။ ကျော်လွှားရမည့် အင်ဂျင် နီယာပညာရပ်ဆိုင်ရာ အခက်အခဲ များ ဒုနှင့်ဒေး ကျန်ရှိနေသေးသော် လည်း ဤမှန်ဘီလူးများကို ဆယ်စု နှစ်အတွင်း ဈေးကွက်တွင် ထုနှင့် ထည်နှင့် မြင်ကြရတော့မည်ဟု ခံစား မိနေပါသည်။
သို့ရာတွင် ဤမှန်ဘီလူးများ အမှန်တကယ် အလုပ်လုပ်လာသည့် အခြေအနေသို့ ရောက်လာမည့် အရေးတွင် စိတ်စနိုးစနောင့်ဖြစ်ရ သည့် အရာတစ်ခုတော့ ရှိနေပါ သည်။ ဈေးကွက်အရောက် ကြန့် ကြာမည် (သို့မဟုတ်ပါက) ဈေးကြီး နိုင်ခြင်းပင် ဖြစ်ပါသည်။
အတိတ်မှ သင်ယူရမည့် သင်ခန်းစာများ
အတိတ်မှာ အခါခပ်သိမ်းတွင် နည်းပညာအနာဂတ်အတွက် လမ်း ညွှန်ကောင်းတစ်ရပ် မဖြစ်နိုင်သော် လည်းရံဖန်ရံခါတွင် ဥပမာဆေးပညာ အစားထိုးမှုမှာ ကဲ့သို့ အကျိုးများ သည့် သင်ခန်းစာများတော့ ရှိနေပါ သည်။ နှလုံးသာြးွကက်သားလှုပ်ရှား ကိရိယာ Peacemaker နှင့် အခြား သော ကိရိယာများကို လူခန္ဓာကိုယ် တွင် နှစ်ပေါင်းများစွာ အစားထိုးလာ ခဲ့ကြရာ ကြိုးမဲ့ထိန်းချုပ်မှု ပုံသဏ္ဍာန် ကို ပို၍ပို၍ ဆောင်လာခဲ့ကြပါသည်။ ထပ်ကျော့ခွဲစိတ်ရမှုများလည်း သိသိ သာသာ လျော့နည်းလာခဲ့ပါသည်။ သို့ရာတွင် ၂၀၀၈ ခုနှစ် မတ်လထဲ တွင်တော့ နှလုံးသာြးွကက်သားလှုံ့ စက်မှာ ထွက်လာသည့် ရေဒီယို အချက်ပြကို လူနာကို သေစေနိုင် လောက်သည့် လျှပ်စစ်ရှော့ထုတ် လုပ်ပေးနိုင်လောက်သည်အထိ ပရို ဂရမ်ပြန်ဆင်ပေးနိုင်ကြောင်းကို မက်ဆာချူးဆက် တက္ကသိုလ်မှ သုတေသီ များက ရှာဖွေတွေ့ရှိလာ ခဲ့ပြန်ပါသည်။ အချက်ပြများကို သင်္ကေတပြုလုပ်ရန်၊ စောင့်ကြည့် ရန်နှင့် ဈေးကြီးသည့် စက်ကိရိယာ အချို့ လိုအပ်သော်လည်း အန္တရယ် အချက်ပေးသံမြည် လာခဲ့ပြီဖြစ်သော ကြောင့် ဆေးပညာနယ်ပင်တွင် တော့ အတိုင်းအတာ တစ်ခုအထိ စိုးရိမ်သောကပွား ကြရပါသည်။ ကိရိ ယာ ထုတ်လုပ်သူများ အဓိက သောကပွားရသည်မှာ သတ္တု စကင် နာလို၊ ပြင်ပရေဒီယိုရင်း မြစ်များမှ တစ်ဆင့် ကိုယ်တွင်းထည့် ကိရိယာ များကို အနှောင့်အယှက် ပေးနိုင်ခြင်း ဖြစ်၍ ဖောက်ထွင်းခြင်း (hacking) အလားအလာတော့ မဟုတ်ပါပေ။
ပုံစံတစ်ခုတည်း ထပ်ကျော့ ဖြစ်နေခြင်းမှာ အချက်အလက် လုံခြုံရေးတွင် ဒီဇိုင်းလုပ်ငန်းစဉ်၏ မရှိမဖြစ် အစိတ်အပိုင်းအဖြစ် စဉ်း စားသည့် အလေ့အထ လျစ်လျူ ရှု၍ မရနိုင်လောက်အောင် ရှားပါး နေ သောကြောင့် ဖြစ်မည်လားမဆို နိုင်ပါ။ ပထမမျိုးဆက် အင်နာ လော့ဂ်မိုဘိုင်းဖုန်းများမှာ စကား ၀ှက်ပြု ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်း လိုက်ခါမှ ယင်းကဲ့သို့သော ရေတို အတွေးခေါ်မျိုး လွှမ်းမိုးလာပုံရပါ သည်။
BBC မှ နည်းပညာဆောင်းပါး နှင့် Bill Tnompson ၏ Past is the future of hi-tech ကို ပြန်ဆိုပါသည်။
Career
Copyright Policy & Declaration
Website တွင် ဖော်ပြထားသော သတင်းအချက်အလက်များသည် Knowledge Bridge Magazine တွင် ထည့်သွင်းဖော်ပြထားသော အချက်အလက်များ ဖြစ်သည်။
Online Website များ Blog များတွင် အသုံးပြုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ပြီး Printing Media (Offline Media) များတွင်ထည့်သွင်း အသုံးပြုလိုပါက ကာယကံရှင်(စာရေးဆရာ) ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပါသည်။
Visitors Counter






![]() | Today | 178 |
![]() | Yesterday | 188 |
![]() | This week | 178 |
![]() | Last week | 1354 |
![]() | This month | 935 |
![]() | Last month | 5626 |
![]() | All days | 52805 |
Your IP: 38.107.191.96
,
Today: Sep 05, 2010






