အာဖရိကန်လွတ်လပ်မှုခေတ်ကို ဖော်ဆောင်ပေးသော Opensource
အာဖရိကန်ပရိုဂရမ်မာများ၊ တီထွင်ဦးဆောင်သူများနှင့် ဆော့ဖ်ဝဲ ရေးဆွဲသူများသည် အာဖရိကန်လွတ်လပ်မှု ခေတ်သစ်တစ်ခေတ်ကို ဖော် ဆောင်နေပြီဟုြွေကးကျော်ခဲ့ကြပါသည်။ Free Software and Open Source Foundation for Africa (FOSSFA) မှ ကြီးမှူးကျင်းပခဲ့သည့် ညီလာခံတွင် အာဖရိကတိုက်၏ အတော်ဆုံးကွန်ပျူတာပညာရှင်များကိုစုစည်း၍ အာဖရိက တိုက်အတွက် ဆော့ဖ်ဝဲလ်အသစ်များ ဖော်ဆောင်ရန် ဆွေးနွေးခဲ့ကြသည်။ နိုင်ငံရပ်ခြားမှ ဆော့ဖ်ဝဲဖော်ဆောင်ရေးဆွဲ သူများက မြို့ပြဈေးကွက်ကို အဓိကထားကြသော်လည်း FOSSFA ညီလာခံမှ အာဖရိကန်ပညာရှင်များက အာဖရိက တိုက်၏ ဆင်းရဲသားအဖွဲ့အစည်းအများစုနေထိုင်သည့် ကျေးလက်တောရွာသို့ ဆော့ဖ်ဝဲအသစ်များ မည်သို့ရောက်နိုင် မည်ကို အလေးထားခဲ့ကြသည်။
FOSSFA အစည်းအဝေးကို သတင်းနှင့်ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ကိုဖီအာနန်စင်တာတွင် ကျင်းပခဲ့ပြီး အာဖရိက ကိုယ်ပိုင်ဘာသာစကားဖြင့် လုပ်ဆောင်နိုင်သော ဆော့ဖ်ဝဲများ တီထွင်ဖော်ထုတ်ရန် ဆွေးနွေးခဲ့ကြသည်ဟု စင်တာမှ ညွှန်ကြားရေးမှူးချုပ် Dorothy Gordon က ဆိုပါသည်။ အမျိုးသားအဆင့်ဖြစ်စေ၊ ဒေသတစ်ခုလုံးအနေဖြင့် ဖြစ်စေ အာဖရိကတိုက်သည် နည်းပညာအများအပြားကို တင်သွင်းနေကြရကြောင်း၊ ကိုယ့်တိုင်းပြည်၏ လုပ်ဆောင်နိုင်မှု များကို နိုင်ငံရပ်ခြား ကုမ္ပဏီများအပေါ်တွင် မှီခိုနေရကြောင်း၊ Open source သည် ဤသို့မှီခိုနေရမှုမှာ လွတ်မြောက် နိုင်သည့်လမ်းကြောင်းတစ်ခုပင် ဖြစ်ပြီး၊ ကိုယ်ပိုင်စွမ်းရည်ယှဉ်ပြိုင်နိုင်မှုကိုလည်း လျင်မြန်စွာတိုးတက်စေမည်ဖြစ်ကြောင်း၊ Mr. Gordon က ထပ်မံပြောကြားခဲ့ပါသည်။











